Home
မြန်မာသတင်း
ကျောက်မဲတွင် လက်ဖက်ခူးသွားသည့် ရွာသား ၁ ဦး မိုင်းထိပြီး သေဆုံး
နန်းမြနဒီ
·
June 5, 2020
102657840_178515590260730_5224737564220456960_n
ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့နယ်ခွဲမှာ ဇွန်လ ၅ ရက်မနက်က  ရွာသားတစ်ဦး ခြံထဲ လက်ဖက်သွားခူးရင်း လမ်းမှာမိုင်းထိမှန်ပြီး သေဆုံးသွားပါတယ်။ ကျောက်မဲမြို့မြောက်ဘက် မိုင် ၃၀ အကွာ မိုင်းငေါ့မြို့နယ်ခွဲ ချုံးသစ်ရွာက အသက် ၂၈ နှစ်ရွယ်ရှိ စိုင်းဘဦး ဆိုသူဟာ ဒီနေ့မနက်  လက်ဖက်ခူးဖို့ အိမ်ကနေထွက်သွားရင် လက်ဖက်ခြံမ ရောက်ခင် ချုံးသစ်နဲ့ နမ့်တွေကျေးရွာကြားမှာ မိုင်းထိမိခဲ့တာလို့ ကျောက်မဲမြို့ ဇီဝိတဒါနလူမှု ကူညီရေးအသင်းဥက္ကဋ္ဌ ဦးတင်မောင်သိန်းက ပြောပါတယ်။ “ရွာနဲ့ ၁ မိုင်လောက်အကွာရောက်တော့ မိုင်းနင်းမိတာ။ မိုင်းနင်းမိတော့ ဘယ်ဘက်ဒူးအောက်ကကြေမွသွားပြီး ဘယ်ဘက်ပေါင်ကို မိုင်းစမှန်တယ်။ ဒဏ်ရာရတော့ ရွာသားတွေကသူ့ကို မိုင်းငေါ့ဆေးရုံကို ခေါ်လာတယ်။ ဆေးရုံမရောက်ခင် ချုံးသစ် နဲ့ မန်ဟွေရွာကြားမှာဘဲ သွေးထွက်လွန်ပြီးတော့ ဆုံးသွားတယ်လို့  ရွာသားတွေက အကြောင်းကြားလာတယ်။ ကျနော်တို့ အသင်းက သွာတောင်မကူလိုက်ရပါဘူး။” ကျောက်မဲခရိုင်ထဲမှာ ရွာသားတွေဟာ လက်ဖက်သွားခူးရင်း၊ အလုပ်သွားရင်း၊ ဈေးသွားဈေးလာလုပ်ရင်းနဲ့ မကြာခဏ မိုင်းထိမိတာတွေရှိလို့  လုပ်ကိုင်စားသောက်ရတာ လုံခြုံ မှုမရှိဘူးလို့ ရွာသားတွေကဆိုပါတယ်။  မိုင်းထိတဲ့နေရာဘက်မှာ တိုက်ပွဲတွေမရှိပေမဲ့ မိုင်းငေါ့မြို့နယ်ထဲမှာတော့ မြန်မာ့ တပ်မတော် ၊ RCSS ရှမ်းပြည်တပ်မတော်နဲ့ TNLA တအာင်းတပ်တွေ သွားလာလေ့ရှိတယ်လို့  ကျောက်မဲဒေသခံတွေက ပြောပါတယ်။ 
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024