Home
မြန်မာသတင်း
မွန်ပြည်နယ်အတွင်း ငါးသားပေါက်ကောင်ရေ ၈ သိန်း အခမဲ့စိုက်ထည့်ပေးမည်
DVB
·
June 5, 2020
102818957_3146498475400542_6511756048116744192_o
102555634_3146497718733951_3448391587980115968_o
102462831_3146498072067249_1797708434901041152_o
101067820_3146497552067301_2408384399922954240_o
100831650_3146498232067233_4236219822792245248_o
မွန်ပြည်နယ်အတွင်းရှိ သဘာဝရေပြင်တွေထဲက ငါးမျိုးစိတ်တွေပြုန်းတီးမှုမှ ကာကွယ်နိုင်ဖို့ ငါးသယံဇာတ ပေါများလာဖို့နဲ့ လွယ်ကူစွာဖမ်းယူစားသောက်နိုင်ဖို့ အခုနှစ်အတွက်  ငါးသားပေါက်ကောင်ရေ ၈ သိန်းကို ဇွန်လကနေ စတင်ပြီး အခမဲ့စိုက်ထည့်ပေးသွားမယ်လို့ ပြည်နယ်ငါးလုပ်ငန်းစခန်း (သထုံ) ရုံးက ပြောပါတယ်။ မွန်ပြည်နယ်ငါးလုပ်ငန်းစခန်း(သထုံ)တာဝန်ခံ ဦးဝင်းဗိုလ်က “ကျနော်တို့ဌာနအနေနဲ့က ရေသယံဇာတ၊ ငါးသယံဇာတတွေပေါများလာဖို့အတွက် အခမဲ့မျိုးစိုက်ထည့်ပေးတာပါ။ နောက်ပြီး ဆည်တွေထဲကို ထည့်ထားပေးတော့ ရေစီးကြောင်းနဲ့ပါသွားပြီး ပြည်သူတွေအနေနဲ့လည်း ဖမ်းယူစားသုံးလို့ရတယ်။ အဓိကကတော့ ငါးစားသုံးမှု ဖူလုံဖို့နဲ့ ငါးသယံဇာတတွေ စဉ်ဆက်မပြတ်တိုးပွားစေချင်တဲ့ ရည်ရွယ်ချက်တွေနဲ့ အခုလိုမျိုးစိတ်စိုက်ထည့်ပေးရခြင်းဖြစ်တယ်” လို့ ဒီဗွီဘီကိုပြောပါတယ်။ ငါးလုပ်ငန်းရုံးချုပ်အနေနဲ့ အခုနှစ်လျာထားချက်အရ ငါးသားပေါက်ကောင်ရေ ၂၅ သိန်း ၃ သောင်း ကျော်လျာထားပြီး အဲဒီထဲက ၈ သိန်းကို အခမဲ့ငါးမျိုးစိုက်ထည့်ပေးသွားမှာပါ။ ကျန်ရှိတဲ့ ငါးမျိုးတွေကိုတော့ မွေးမြူရေး လုပ်ငန်းလုပ်ကိုင်သူတွေထံ သတ်မှတ်နှုန်းထားနဲ့ ပြန်လည်ရောင်းချပေးသွားမယ်လို့ ဆိုပါတယ်။ အလှမွေးငါးတနိုင်တပိုင်မွေးမြူနေသူ ခွန်ကျော်ဇင်က “ကျနော်က နှစ်စဉ်ဆိုသလို သထုံငါးလုပ်ငန်းစခန်းက ရောင်းချပေးတဲ့ ငါးကြင်းရောင်စုံတမျိုးထဲကိုပဲ မွေးတာပါ။ နိုင်ငံခြား အလှမွေးငါးတွေက ၁ ကောင်ကို သောင်းဂဏန်း၊ သိန်းဂဏန်းထိဈေးရှိတယ်။ ဒီမှာက ၁ ကောင်ကို ၁၀၀ လောက်ဘဲပေးရတော့ နှစ်စဉ်အကောင်ရေ ၃၀၀ လောက်မွေးဖြစ်တယ်။ ကိုယ့်ဝါသနာအရ အလှမွေးထားပေမယ့် အကောင်ကြီးလာရင် သူများတွေကိုလည်း ပြန်လည်မျှဝေပေးပါတယ်။ ဒီနှစ်က မိုးကလည်းနောက်ကျတော့ ပြန်လည်မွေးမြူဖို့အတွက် စောင့်ဆိုင်းနေပါတယ်” လို့ ပြောပါတယ်။ သထုံငါးလုပ်ငန်းစခန်းအနေနဲ့ ငါးမျိုးစိတ်အခမဲ့စိုက်ထည့်ပေးတာကို မွန်ပြည်နယ်အတွင်းရှိ ဆည်မြောင်း၊ တာတမံ၊ စပါးနဲ့ငါးရောတဲ့စိုက်ခင်း၊ လယ်ကြားမြောင်းနဲ့ သဘာဝရေပြင်တွေမှာ ငါးမြစ်ချင်း၊ ငါးခုံးမကြီး၊ ရွေဝါငါးကြင်း၊ ခေါင်းကြီးငါးကြင်း၊ ငါးကြင်းဖြူ၊ ငါးသိုင်းခေါင်းပွ၊ တီလားဗီးယား၊ မြက်စားငါးကြင်း၊ ငါးတန်၊ ငါးမှုတ် စတဲ့မျိုးစိတ်တွေကို နှစ်စဉ်စိုက်ထည့်ပေးနေတယ်လို့ ပြည်နယ်ငါးလုပ်ငန်းစခန်း(သထုံ)ရုံးက သိရပါတယ်။ သတင်း+ဓာတ်ပုံ = ယူမင်းစိုး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024