ရန်ကုန်မြို့ထဲက ၂ ထပ်တိုက်တစ်လုံး အနောက်ဘက်ခြမ်း ပြိုကျ
DVB
·
June 2, 2020
ရန်ကုန်မြို့တွင်း ပန်းပဲတန်းမြို့နယ်မှာ ဒီနေ့ညနေပိုင်းက ၂ ထပ်တိုက် တစ်လုံးရဲ့ နောက်ဘက်ခြမ်းပြိုကျတယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
ညနေ ၄ နာရီအချိန်လောက်က ပန်းပဲတန်းမြို့နယ်၊ မဟာဗန္ဓုလလမ်း၊ ၂၇ လမ်းနဲ့ လမ်း ၃၀ ကြားက ၃ ခန်းတွဲ ၂ ထပ်တိုက် နောက်ဘက်ပြိုကျခဲ့လို့ ကျောက်တံတားမြို့နယ်မီးသတ်စခန်းက မီးသတ်ယာဉ် ၁ စီး ထွက်ခွာ ကူညီနေတယ်လို့ ဆိုပါတယ်။
မနေ့ညနေကလည်း အင်းစိန်မြို့နယ်၊ ပိန္နဲကုန်းရပ်ကွက်၊ ဗောဓိလမ်းက နှစ် ၈၀ လောက် သက်တမ်းရှိတဲ့ ၂ ထပ်တိုက်တလုံး ပြိုကျခဲ့ပါတယ်။
စမ်းချောင်းမြို့နယ်၊ နန္ဒဝန်လမ်းမှာလည်း မေ ၃၀ ရက် ညပိုင်းက ၄ ထပ်တိုက်တလုံးရဲ့ မျက်နှာစာပြိုကျခဲ့ပါသေးတယ်။
ဒါ့အပြင် မေ ၂၁ ရက် မနက် အစောပိုင်းကလည်း တာမွေမြို့နယ်၊ အရိုးကုန်းရပ်ကွက်၊ ဦးလွန်းလမ်းမှာ ၄ ထပ်တိုက်တလုံးပြိုကျခဲ့ပြီး လူတချို့ ဒဏ်ရာရခဲ့ပါတယ်။
Photo- မီးသတ်တပ်ဖွဲ့