မန္တလေးတိုင်းပြင်ပကို ခရီးသည်တင်ယာဉ်လိုင်းများ ဇွန်လ ၁ ရက်နေ့စတင်ပြေးဆွဲ
DVB
·
June 1, 2020
မန္တလေးတိုင်းဒေသကြီး ပြင်ပကို ပြေးဆွဲမယ့် ခရီးသည်တင်ယာဉ်လိုင်းတွေအနေနဲ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ သတ်မှတ်ချက်တွေကို မလိုက်နာပါက ပြေးဆွဲခွင့်ပေးမှာမဟုတ်ဘဲ တည်ဆဲဥပဒေတွေနဲ့ အရေးယူမယ်လို့ မန္တလေးတိုင်းဒေသကြီး ယာဉ်လုပ်ငန်းများကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ က ပြောပါတယ်။
မန္တလေးတိုင်းပြင်ပ ပြေးဆွဲမယ့် ခရီးသည်တင်ယာဉ်လိုင်းတွေကို ဒီကနေ့ ဇွန်လ ၁ ရက်နေ့ ကနေ စတင်ပြေးဆွဲခွင့်ပြုမှာဖြစ်ပေမဲ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ သတ်မှတ်ချက်တွေကို လိုက်နာရမှာဖြစ်ပါတယ်။
ပြေးဆွဲလိုတဲ့ ယာဉ်လိုင်းတွေအနေနဲ့ မန္တလေးတိုင်းဒေသကြီး အဝေးပြေး ယာဉ်လုပ်ငန်းများ ကြီးကြပ်မှုကော်မတီကို အကြောင်းကြားရမှာ ဖြစ်ပြီး အဖွဲ့စုံနဲ့ ကွင်းဆင်းစစ်ဆေးပြီးမှ ခွင့်ပြုမှာဖြစ်ကာ မေလ ၃၁ ရက်နေ့က စတင်စစ်ဆေးတာတွေ လုပ်ဆောင်နေပါတယ်။
သတ်မှတ်ချက်တွေကို လိုက်နာတဲ့ယာဉ်အသင်းတွေကိုပဲ ပြေးဆွဲခွင့်ပြုသွားမယ်လို့ မန္တလေးတိုင်းဒေသကြီး အဝေးပြေး ယာဉ်လုပ်ငန်းများကြီးကြပ်မှုကော်မတီ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။