Home
မြန်မာသတင်း
စင်ကာပူပြန် ပထမဆုံးအသုတ် ၁၄၀ကျော် ကိုဗစ်-၁၉ ရောဂါပိုးမတွေ့သဖြင့် နေရပ်ပြန်
ညီငယ်
·
May 29, 2020
101572416_3162679203792591_6407246329730301952_o
101096272_3162659873794524_2729120226737127424_n
101029751_3162679123792599_7561389761122795520_o
100661668_3162679067125938_1006762839811031040_o
100048517_3162679033792608_6489157291709825024_o
ပြီးခဲ့တဲ့ မေလ ၇ ရက်နေ့က ကယ်ဆယ်ရေးလေယာဉ်နဲ့ စင်ကာပူနိုင်ငံကနေ ပထမအသုတ်လိုက်ပါလာတဲ့ မြန်မာနိုင်ငံသား ၁၄၄ ယောက်ကို ဓာတ်ခွဲနမူနာယူစစ်ဆေးရာမှာ ကိုဗစ်-၁၉ ရောဂါပိုးမတွေ့လို့ သူတို့နေရပ်တွေကို ဒီနေ့မနက်က စပြန်နေပြီဖြစ်ပါတယ်။ စင်ကာပူပြန် ၁၄၄ ယောက်ထဲမှာ ကိုယ်ဝန်ဆောင်သည် ၄၄ ယောက်အပါအဝင် ကျောင်းသူ/ကျောင်းသားတွေ၊ အလုပ်သမားတွေ ပါဝင်ပြီး သူတို့ကို ပုလဲမြို့သစ်က မြရွှေပင်သဒ္ဓမ္မသုခရိပ်သာမှာ ၂၁ ရက် Quarantine ထားပြီးနောက် မေလ ၁၇ ရက်နေ့ကတစ်ကြိမ်၊ မေလ ၁၅ ရက်နေ့ကတစ်ကြိမ် ဓာတ်ခွဲနမူနာယူစစ်ဆေးရာမှာ နှစ်ကြိမ်လုံး Negative ပြခဲ့တာပါ။ စင်ကာပူပြန် ၁၄၄ ယောက်ဟာ သူတို့နေထိုင်ရာ အနယ်နယ်အရပ်ရပ်ကို ပြန်ရမှာဖြစ်ပြီး မေလ ၂၈ရက်နေ့မှာ Quarantine ၂၁ရက်ပြည့်ပြီးနောက် ဒီနေ့မနက်ပိုင်းကစပြီး သူတို့နေရပ်တွေကို အဝေးပြေးကားဂိတ်တွေ၊ လေဆိပ်တွေကတဆင့် ပြန်ကြမှာဖြစ်ပါတယ်။ သူတို့နေရပ်ပြန်ရာမှာ အခက်အခဲမရှိစေဖို့ Quarantine ၂၁ ရက် ပြည့်မြောက်ကြောင်း လက်မှတ်ကို လည်းထုတ်ပေးထားကြောင်း သိရပါတယ်။ 
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024