မြဝတီမြို့တွင် သိမ်းဆည်းရမိထားသည့် လောင်းကစားစက်များကို ဖျက်ဆီး (ဓာတ်ပုံ)
DVB
·
May 25, 2020
ကရင်ပြည်နယ်၊ မြဝတီမြို့မှာ တရားမဝင်လောင်းကစားရုံတွေကို ဖမ်းဆီးစဉ် သိမ်းဆည်းရမိထားတဲ့ လောင်းကစားစက်တွေကို မေလ ၂၄ ရက်မှာ အာဏာပိုင်တွေက ဘက်ဟိုး မြေတူးယာဉ်တွေနဲ့ ဖျက်ဆီးလိုက်ပါတယ်။
မြဝတီမြို့ အမှတ် ၄ ရပ်ကွက် ရွှေတိဂုံပုံတူဘုရား မြေကွင်းမှာ ဖျက်ဆီးခဲ့တဲ့ လောင်းကစားစက်တွေအထဲမှာ လောင်းကစားစက်နဲ့ ဆက်စပ်ပစ္စည်း ၁၆၈ မျိုးပါဝင်ပြီး ငါးဂိမ်းစက် အသုံးပြုထိုင်ခုံတွေလည်းပါဝင်ပါတယ်။
ဖမ်းဆီးအရေးယူထားတဲ့ လောင်းကစားရုံနဲ့ ပတ်သက်ပြီး တရားရုံးမှာ အမှုပြီးပြတ်သွားတာကြောင့် သက်သေခံ လောင်းကစားစက်တွေကို ဖျက်ဆီးခဲ့တာ ဖြစ်ပြီး မြဝတီမြို့ အမှတ် ၄ ရက်ကွက်မှူ၊ ရဲတပ်ဖွဲ့နဲ့ မြို့မိမြို့ဖ အင်အား ၄၀ လောက်တက်ရောက်ကြတယ်။
ဖိုးစီ