Homeသတင်းဓာတ်ပုံ
သန်လျင်ရှိ ဝင်ငွေနည်းသူများကို ဆိုင်ကယ်စီးသူများစုပေါင်း၍ အခြေခံစားကုန်များ လှူဒါန်း (ဓာတ်ပုံ)
သန်လျင်ရှိ ဝင်ငွေနည်းသူများကို ဆိုင်ကယ်စီးသူများစုပေါင်း၍ အခြေခံစားကုန်များ လှူဒါန်း (ဓာတ်ပုံ)
DVB
·
May 25, 2020
ဆိုင်ကယ်စီးသူတွေ စုပေါင်းပြီး သန်လျင်မြို့ရှိ ဝင်ငွေနည်း အခြေခံလူတန်းစားတွေ နေထိုင်တဲ့ ကျေးရွာတွေကို သွားရောက်ကာ အခြေခံစားသောက်ကုန်တွေ လှူဒါန်းခဲ့ကြတယ်လို့ သိရပါတယ်။
ကိုဗစ်-၁၉ ကာလ အလုပ်အကိုင်ရှားပါးပြီး အကျပ်အတည်းဖြစ်နေတဲ့ မိသားစု ၁၅၀ လောက်ကို ဆန်၊ ဆီ၊ ကြက်သွန်၊ ငါးသေတ္တာ နဲ့ နှာခေါင်းစည်းတွေ လှူဒါန်းခဲ့ကြတာပါ။
အီးဒ်နေ့အထိမ်းအမှတ်အဖြစ် အဖြူရောင်နှင်းဆီကန်ပိန်းလှုပ်ရှားသူတွေကလည်း မိသားစုဝင်တွေကို အဖြူရောင်နှင်းဆီပန်းတွေ ဝေငှခဲ့ကြပါတယ်။
သွားရောက်လှူဒါန်းတဲ့ အစီအစဉ်ကို ငြိမ်းချမ်းရေးဆိုင်ကယ်စီးကြသူများအဖွဲ့ (Peace Bikers)၊ Nature of Traveller (Yangon) MC ၊ Iron Horse Thanlyan - East Group နဲ့ Together Thanlyin အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်တာပါ။
ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း လူစုလူဝေးမဖြစ်စေဖို့ ဆိုင်ကယ်တွေကို ၄ ပေလောက်ခြားမောင်းတာ၊ နှာခေါင်းစည်းတွေ တပ်တာနဲ့ ရောက်တဲ့နေရာတွေမှာ လက်သန့်ဆေးနဲ့ ဆေးပြီး ကျန်းမာရေးအတွက် ဂရုစိုက်ခဲ့ကြတယ်လို့ သိရပါတယ်။
Photo - JPaing / MPA