ရန်ကုန်တိုင်း၊ မှော်ဘီမြို့မှာ ရောက်နေတဲ့ ပလက်ဝကစစ်ဘေးရှောင်တွေကို Youth Social Group (YSG) က မေ ၂၄ ရက်မနက်မှာ စားသောက်ကုန်နဲ့ Mask တွေ သွားရောက်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
တစ်အိမ်ထောင် ၁ သောင်းခွဲနှုန်းလောက်ရှိတဲ့ ဆန် ၉ ပြည်၊ ဆီ ၁ ဘူး၊ ဆပ်ပြာမှုန့်နဲ့ ခေါက်ဆွဲခြောက် ၁၀ ထုပ်နဲ့ Mask တွေ လှူဒါန်းခဲ့တာပါ။
ရန်ကုန်တိုင်း၊ မှော်ဘီမြို့၊ စာဖြူစုအရပ်မှာ ရောက်ရှိနေထိုင်နေတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့က စစ်ဘေးရှောင်မိသားစု ၁၀ စုကျော်၊ လူဦးရေ ၅၇ ယောက်ကျော်ဟာ စားဝတ်နေရေးအတွက် အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။
ချင်းပြည်နယ်ပလက်ဝဒေသတဝိုက်မှာ ရခိုင်တပ်မတော်နဲ့ အစိုးရတပ်မတော်ကြား ၂၀၁၉ ဒီဇင်ဘာလကတည်းက တိုက်ပွဲတွေ ဖြစ်ပွားခဲ့တဲ့အတွက် ပလက်ဝဒေသခံတွေ နေရပ်စွန့်ခွာပြီး စစ်ဘေးရှောင်နေကြရတာပါ။