သံတွဲမြို့အနီး အင်အားနည်းငယ်ရှိ ငလျင်လှုပ်
DVB
·
May 17, 2020
ရခိုင်ပြည်နယ် သံတွဲမြို့နားမှာ ဒီမနက်က ငလျင်လှုပ်ခဲ့တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ပါတယ်။
မေလ ၁၇ ရက် မနက် ၇ နာရီ ၈ မိနစ်ကျော်က ဂွမြေငလျင်စခန်းရဲ့ မြောက်-အနောက်မြောက်ဘက် ၅၉ မိုင်လောက်ဝေးတဲ့ သံတွဲမြို့ရဲ့ တောင်-အရှေ့တောင်ဘက် ၁၉ မိုင်လောက်အကွာ ဗဟိုပြုပြီး ရစ်ချ်တာစကေး ၃ ဒသမ ၈ အဆင့် အင်အားနည်းနည်းရှိတဲ့ ငလျင်တခု လှုပ်သွားတယ်လို့ ဆိုပါတယ်။