စည်းကမ်းလိုက်နာမှ ရှမ်းပြည်နယ်အတွင်း ဟိုတယ်များ ပြန်ဖွင့်ခွင့်ပြုမည်
DVB
·
May 15, 2020
ရှမ်းပြည်နယ်မှာ ယာဉ်လိုင်းတွေပြန်ဖွင့်တဲ့အချိန် ပြည်တွင်းခရီးသွားတွေ ရှိလာနိုင်တဲ့အတွက် ဟိုတယ်လုပ်ငန်းရှင်တွေက ဟိုတယ်ပြန်ဖွင့်ခွင့်ပေးဖို့တောင်းဆိုတာရှိတယ်လို့ ရှမ်းပြည်နယ် အစိုးရအဖွဲ့က သိရပါတယ်။
ဒီလိုတောင်းဆိုတာတွေရှိတဲ့အတွက် ရှမ်းပြည်နယ် အစိုးရအနေနဲ့ အလုပ်သမားနဲ့ လူဝင်မှု ကြီးကြပ်ရေးပြည်ဝူ့အင်အားဝန်ကြီးဌာနမှ ညွှန်ကြားချက်အတိုင်းစိစစ်ပြီး လိုက်နာမှုရှိမှ ပြန်လည်ဖွင့်ခွင့်ပေးသွားမယ်လို့ ပြည်နယ် စီမံစီးပွားနဲ့ ဘဏ္ဍာရေး ဝန်ကြီး ဦးစိုးညွန့်လွင်က ပြောပါတယ်။
လက်ရှိမှာ ရှမ်းပြည်နယ် အစိုးရအဖွဲ့က ဟိုတယ်တွေကိုစိစစ်နေဆဲဖြစ်ပြီး ပြန်လည်ဖွင့်ခွင့်ကို လည်း ညွှန်ကြားချက်ထုတ်ပြန်သွားမှာဖြစ်ပါတယ်။
မေလ ၁၆ ရက်နောင်ပိုင်းမှာ ယာဉ်လိုင်းတွေကို ပြန်လည်ဖွင့်ပေးသွားမှာဖြစ်ပြီး ပြည်တွင်း ခရီးသည်တွေ သွားလာမှုတွေရှိလာမှာ ဖြစ်ပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်းမှာ ဟိုတယ်၊ မိုတယ်နဲ့ တည်းခိုခန်းပေါင်း ၂၄၀ လုံးရှိပြီး ရှမ်းပြည်နယ် တစ်ခုလုံးမှာတော့ စုစုပေါင်း ၃၈၀ လုံး ရှိပါတယ်။
တောင်ကြီးမြို့ကို ဝင်ရောက်လာမယ့်ပြည်တွင်းခရီးသွားတွေအနေနဲ့ quarantine ၂၁ ရက်ဝင်ရမယ်လို့လည်း တောင်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဌာနက အမိန့်စာ ထုတ်ထား ပါတယ်။