Homeအနုပညာ
ဥရောပရုပ်ရှင်ပွဲတော် အွန်လိုင်းက ကျင်းပမည်၊ ဆုရရုပ်ရှင်ကား ၁၀ ကား အွန်လိုင်းတွင် ကြည့်ရှုနိုင်
ဥရောပရုပ်ရှင်ပွဲတော် အွန်လိုင်းက ကျင်းပမည်၊ ဆုရရုပ်ရှင်ကား ၁၀ ကား အွန်လိုင်းတွင် ကြည့်ရှုနိုင်
DVB
·
May 15, 2020
မြန်မာနိုင်ငံမှာ နှစ်စဉ်ကျင်းပနေကျ ရုပ်ရှင်ပွဲတော်တခုဖြစ်တဲ့ ဥရောပရုပ်ရှင်ပွဲတော်ကို အွန်လိုင်းရုပ်ရှင်ပွဲတော်အနေနဲ့ ကျင်းပသွားမယ်လို့ European Film Festival Myanmar ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်မှတဆင့် ထုတ်ပြန်ကြေညာလိုက်ပါတယ်။
ဒီပွဲတော်ကို ပုံမှန်အားဖြင့်တော့ ရုပ်ရှင်ရုံတွေမှာ ကျင်းပနေကျဖြစ်ပေမယ့် အခုနှစ်မှာတော့ လတ်တလော COVID-19 ကပ်ရောဂါအန္တရာယ်ကြောင့် လူစုလူဝေး နဲ့ ပွဲလမ်းသဘင်အခမ်းအနားတွေကို ရှောင်ကြဉ်ကြဖို့နဲ့ ရုပ်ရှင်ရုံတွေ အပါအဝင် အများပြည်သူနဲ့ ဆိုင်တဲ့ နေရာတွေကို ပိတ်ထားခဲ့ရတာမို့ ခုလိုကျင်းပဖို့ ဖြစ်လာခဲ့တာပါ။
ပွဲတော်ကာလကိုတော့ မေလ ၁၈ ရက်နေ့ကနေ ဇွန်လ ၁၈ ရက်နေ့အထိ သတ်မှတ်ထားပြီး ရုပ်ရှင်ပရိသတ်တွေအနေနဲ့ ဆုရရုပ်ရှင်ကား ၁၀ ကားကို အခမဲ့ ကြည့်ရှုနိုင်ဖို့ စီစဉ်ပေးထားပါတယ်။
ရုပ်ရှင်ကြည့်ရှုလိုသူတွေအနေနဲ့ https://bit.ly/2T4rUgA လင့်ခ်ကနေတဆင့် မိမိတို့ရဲ့ အမည်၊ အီးမေးလ်လိပ်စာနဲ့ လက်ရှိနေထိုင်ရာ နိုင်ငံတွေကို ဖြည့်စွက်ပြီး ပါဝင်နိုင်မှာ ဖြစ်ပါတယ်။