Home
မြန်မာသတင်း
ဘင်္ဂလားပင်လယ်အော်တွင် မေလ ၁၆ ရက်နေ့ ဆိုင်ကလုန်းမုန်တိုင်းဖြစ်နိုင်ဟု မိုးဇလခန့်မှန်း
DVB
·
May 15, 2020
97388189_1636946209793784_6435432168574418944_n
ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ပိုမိုအားကောင်းလာပြီး  နောက် ၁၂ နာရီအတွင်း ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာ  မုန်တိုင်းငယ်  (Depression)အဆင့်ကို ရောက်ရှိနိုင်တယ်လို့ မိုးဇလဌာနက ဒီနေ့မနက် ထုတ်ပြန်ပါတယ်။  အဆိုပါမုန်တိုင်းငယ်ဟာ မေလ ၁၆ ရက်မှာတော့  ဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm)အဆင့်သို့ လည်းကောင်း ရောက်ရှိနိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။   လေဖိအားနည်းရပ်ဝန်းဟာ မုန်တိုင်းငယ်အဆင့်သို့ ရောက်ရှိပြီး နောက် ကနဦးမှာ အနောက်မြောက်ဘက်သို့ရွေ့လျားပြီး မေလ ၁၇ ရက်နောက်ပိုင်းမှာ မြောက်-အရှေ့မြောက်ဘက်သို့ကွေ့ကာ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းကို ရွေ့လျားနိုင်တယ်လို့ လည်း မိုးဇလ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။  စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာ နေရာကျဲကျဲနဲ့ ကျန်တိုင်း ဒေသကြီးနဲ့ ပြည်နယ်တို့မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာမှာဖြစ်ပြီး ရွာရန်ရာနှုန်း(၈၀) ဖြစ်တယ်လို့ ဆိုပါတယ်။ မြန်မာ့ပင်လယ်ပြင်မှာ လှိုင်းအသင့်အတင့်ရှိမှာဖြစ်ပြီး လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန် ပင်လယ်ပြင်တို့မှာ ၅ ပေမှ ၇ ပေလောက်ရှိမယ်လို့ လည်းခန့်မှန်းထားပါတယ်။ ဓာတ်ပုံ-မိုးဇလ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024