Home
မြန်မာသတင်း
မိတ္ထီလာတွင် လေပြင်းကြောင့် နေအိမ် ၈ လုံးပျက်စီး၊ လူ ၁ ဦးနှင့် နွား ၁ ကောင် မိုးကြိုးထိမှန် သေဆုံး 
DVB
·
May 12, 2020
97340639_3252977751507886_1773428465085710336_n
97085958_3252977674841227_6095303430547439616_n
97068462_3252977948174533_4486244025304612864_n
97023154_3252977834841211_6549376134813843456_o
96644808_3252978354841159_6317219391389827072_n
96585171_3252978454841149_1670536686649475072_o
96557894_3252977878174540_2352023987933937664_n
96515921_3252978258174502_4997690049467252736_n
96159613_3252977711507890_585149346589179904_n
96159598_3252978711507790_3297707354799210496_n
96030173_3252977991507862_2430725398162571264_o
မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်မှာ  မေလ ၁၁ ရက်က မိုးသက်လေပြင်းကျပြီး လူနေအိမ်နဲ့ တခြားအဆောက်အအုံတွေ အမိုးလန်ပျက်စီးပြီး မိုးကြိုးထိမှန်တာကြောင့် လူ ၁ ဦးနဲ့ နွား ၁ ကောင် သေဆုံးသွားပါတယ်။ မိတ္ထီလာရပ်ကွက် ၅ ခုနဲ့  ကျေးရွာ ၃ ရွာတို့မှာ လူနေအိမ် ၈ လုံး ဆည်မြောင်းဌာနအဆောက်အအုံ ၁ ခု၊ ဟိန္ဒူဘုရားကျောင်း၊ ကားဂိုဒေါင်၊ ဘုန်းတော်ကြီးကျောင်း ဆွမ်းချက်ဆောင်တို့ အမိုးလန်ပျက်စီးသွားတယ်လို့ မီးသတ်တပ်ဖွဲ့က သိရတယ်။ မိတ္ထီလာခရိုင်မီးသတ်ဦးစီးမှူး ဦးကျော်ဆန်းက "သစ်ပင် သစ်ကိုင်းတွေ ပျက်စီးမှုတွေ ဒီနေ့မနက် လည်း ဆက်ပြီးရှင်းလင်းပေးနေပါတယ်။ လေရော မိုးရော တော်တော်ပြင်းတယ်။ လူ ၁ဦး မိုးကြိုးထိပြီး သေဆုံးသွားတယ်"လို့  ပြောပါတယ်။ ထမုန်ကန်ကျေးရွာအုပ်စု စက်ပစ်တောင်ရွာ အရှေ့ဘက် ကွင်းအမှတ် ၇၄၀ လယ်ယာမြေမှာ ကိုဟိန်းဇော်(ခ)ဟာရှင်(၃၈နှစ်)နဲ့ ဦးလေးဖြစ်သူတို့ထယ်ထိုးထွန်ယက်နေကြစဉ် လယ်ကွင်းအနီးရှိ ရှားပင်ကို မိုကြိုးထိမှန်ကာ ကိုဟိန်းဇော် သတိလစ်မေ့မြောသွားတဲ့အတွက် မိတ္ထီလာဆေးရုံကို ပို့ဆောင်ဖို့ စီစဉ်နေစဉ် သေဆုံးသွားခဲ့တာပါ။ တောမကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဦးမာတောက်က "လက်ပံခေါင်းရွာက ကျနော့် ရာအိမ်မှူးရဲ့ နွား ၁ကောင် မိုးကြိုးထိသွားတယ်၊ ၄ နှစ်သား နွားမတကောင်ပါ။ လေသိပ်မပြင်းဘူး၊ မိုးရွာတာတော့များတယ်၊ အိမ်မှာ ချည်ထားတုန်း မိုးကြိုးထိသွားတာပါ" လို့ ပြောပါတယ်။ လေတိုက်ခတ်မှုကြောင့် မိတ္ထီလာမြို့ပေါ်မှာတော့  မြို့မရပ်ကွက် ဟိန္ဒူဘုရားကျောင်းကားဂိုဒေါင်တလုံး၊  ကျီတော်ကုန်းရပ်ကွက် လူနေအိမ် ၃လုံး၊ နန်းတော်ကုန်းရပ်ကွက် ဘုန်းတော်ကြီးကျောင်း ဆွမ်းချက်ဆောင်၊  ဆည်မြောင်းဌာနအဆောက် အအုံ ၁လုံး၊ ရန်မျိုးအောင်ရပ်ကွက် လူနေအိမ် ၃လုံး၊ အောက်ဆန်းရပ်ကွက် ဆိုင်းဘုတ်ကြီး ၁ခု ပျက်စီးသွားပါတယ်။  မိတ္ထီလာမြို့နယ်အတွင်း လေဘေးကြောင့် အဆောက်အအုံတွေ ပျက်စီး ဆုံးရှုံးမှုတန်ဖိုး ကျပ် သိန်း ၃၀ ကျော်ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ သတင်း-မောင်မောင်လင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024