တာချီလိတ်မြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြား ၃ သိန်း ဖမ်းမိ
DVB
·
May 8, 2020
ရှမ်းပြည်နယ် တာချီလိတ်မြို့နယ်မှာ မေ ၇ ရက်နေ့က စိတ်ကြွရူးသွပ်ဆေးပြား ၃ သိန်း ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်ထဲရေးက ထုတ်ပြန်ပါတယ်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်တွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ မေ ၇ ရက်နေ့ မွန်းလွဲ ၁ နာရီလောက် တာချီလိတ်မြို့နယ်၊ ဖတ်ဟိ(အောက်) ကျေးရွာ အနီး မိုင်းဆတ်-တာချီလိတ် ကားလမ်းပေါ်မှာ လီဗု(၂၁)နှစ် မောင်းနှင်ပြီး လော်ညီး (၂၂)နှစ် လိုက်ပါလာတဲ့ Fortuner ယာဉ်အား စစ်ဆေးရာက ဖမ်းဆီးမိခဲ့တာပါ။
ယာဉ်နောက်ခန်းအတွင်း စိတ်ကြွရူးသွပ်ဆေး အပြား ၃၀၀၀၀၀ နဲ့ ဖုန်း ၂ လုံးတို့အား ဖမ်းဆီးရမိခဲ့ပြီး လီဗု ပါ ၂ ဦး (ဖမ်းမိ) အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာဥပဒေအရ စစ်ဆေးအရေးယူနေတယ်လို့ သိရပါတယ်။