တောင်ဥက္ကလာပဆေးရုံက COVID-19 လူနာ ၆ ဦး Negative ၂ ကြိမ်ပြသဖြင့် ဆေးရုံကဆင်း
ညီငယ်
·
May 7, 2020
COVID-19 ပိုးတွေ့လူနာတွေကို လက်ခံကုသပေးနေတဲ့ တောင်ဥက္ကလာပဆေးရုံကြီးက လူနာ ၆ ယောက်ဟာ Negative ၂ ခါပြလို့ ဆေးရုံကဆင်းသွားပြီဖြစ်ပြီး သူတို့ကို Quarantine ၂ ပတ်ဆက်ထားဖို့ ဗဟိုဝန်ထမ်းတက္ကသိုလ်ဖောင်ကြီးကို ပို့ဆောင်လိုက်ပြီလို့ တောင်ဥက္ကလာပဆေးရုံ တာဝန်ရှိသူက ပြောပါတယ်။
တောင်ဥက္ကလာပဆေးရုံကြီးမှာ လက်ရှိ ပိုးတွေ့လူနာ ၅၃ ယောက်ကို လက်ခံ ကုသပေးနေရာက ၆ ယောက်ဟာ ဆေးရုံကဆင်းသွားတာကြောင့် လူနာ ၄၈ ယောက်ကို ဆက်လက်ကုသပေးနေပါတယ်။
အဲဒီ ၄၈ ယောက်ထဲက တယောက်ကတော့ Negative ပြနေပေမယ့် ကင်ဆာရောဂါအခံကြောင့် စိုးရိမ်စရာအခြေအနေရှိနေတယ်လို့လည်း ဆိုပါတယ်။
တောင်ဥက္ကလာဆေးရုံကြီးအနေနဲ့ စုစုပေါင်း လူနာ ၆၈ ယောက်ကို လက်ခံကုသပေးနိုင်တယ်လို့ သိရပါတယ်။