Home
မြန်မာသတင်း
မကွေးမြို့တွင် ဝင်ငွေနည်း အိမ်ထောင်စု ၆၇၀ ကို အခြေခံစားသောက်ကုန်များလှူဒါန်း
DVB
·
May 7, 2020
00000000000
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ပေါ်ရှိ   ဝင်ငွေနည်း အိမ်ထောင်စုပေါင်း  ၆၇၀ ကို  ကုန်သည်/စက်မှုလုပ်ငန်းရှင်များအသင်းက မေလ ၆ ရက် မနက်မှာ အခြေခံစားသောက်ကုန်တွေ လှူဒါန်းပေးခဲ့ပါတယ်။ အောင်စေတနာ၊ အောင်မေတ္တာ၊ ကင်း၊ ကျောက်ကုန်း၊ အုတ်ဖို ရပ်ကွက်တွေထဲက ဝင်ငွေနည်း မိသားစု ၆၇၀ ကို အခြေခံ စားသောက်ကုန် ၈ မျိုး ထောက်ပံပေးတာဖြစ်ပြီး အိမ်ထောင်စုတစ်စုကို ကျပ် ၇၃၅၀ ဖိုးစီ  စုစုပေါင်း ကျပ်  ၄၉၅၂၄၀၀ ဖိုး  ထောက်ပံ့ပေးတာဖြစ်ပါတယ်။ မကွေးမြို့ ကုန်သည်/စက်မှု လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ  ဦးဖိုးနီက “COVID-19 ကာလမှာ ဝင်ငွေနည်းမိသားစုတွေ တဘက်တလမ်းက စားဝတ်နေရေး အဆင်ပြေအောင်ရည်ရွယ်ပြီး ထောက်ပံပေးခဲ့တာပါ။ နောက်ထပ်လည်း အလှူရှင်တွေနဲ့ ချိတ်ဆက်ပြီး ဆက်လက်ထောက်ပံ့ ပေးသွားမှာပါလို့" ဒီဗွီဘီကို ပြောပါတယ်။ မကွေးမြို့ ကုန်သည်/စက်မှု လုပ်ငန်းရှင်များအသင်းအနေနဲ့ ပြီးခဲ့တဲ့ ဧပြီ ၂၉ ရက်နေ့ ကလည်း မြို့ပေါ် ၄ ရပ်ကွက်က ဝင်ငွေနည်း မိသားစု ၆၃၅ စုအတွက် အခြေခံ စားသောက်ကုန်တွေ ထောက်ပံ့ပေးခဲ့ပါတယ်။ မင်းထီး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024