Home
မြန်မာသတင်း
မြဝတီမြို့တွင် လောင်းကစားဂိမ်းဆိုင်ကို ဝင်ရောက်ဖမ်းဆီး 
DVB
·
May 6, 2020
95491245_851648288652798_6278418270290706432_n
96362704_851648158652811_4435673671612235776_n
95983829_941324959658918_4418580779810947072_n
95963336_943760419389946_2963142450551455744_n
95668797_870956150091599_8107736238561165312_n
95268253_2952834028095614_3600767316721139712_n
ကရင်ပြည်နယ်၊ မြဝတီမြို့မှာ လောင်းကစားပြုလုပ်နေတဲ့ ဂိမ်းဆိုင် တဆိုင်ကို အာဏာပိုင်တွေက မနေ့ညက ဝင်ရောက်စစ်ဆေးပြီး လောင်းကစားသူ ၁၀ ဦးလောက်ကို ရဲစခန်းမှာ ခေါ်ယူစစ်ဆေးနေပါတယ်။  ဒါ့အပြင် အဆိုပါ ဂိမ်းဆိုင်မှာရှိတဲ့ လောင်းကစားစက် ၆ လုံးကိုလည်း သိမ်းဆည်းလိုက်ပါတယ်။ မြဝတီမြို့ အမှတ်(၄)ရပ်ကွက်မှာလည်း မေလ ၅ ရက် ည ၁၁ နာရီလောက်က အချိန်မတော်လမ်းထွက်လာတဲ့ ကားတစီး လှည့်ကင်းနဲ့တွေ့လို့ မောင်းပြေးရာမှာ ပလက်ဖောင်းနဲ့ တိုက်မိပြီး ယာဉ်မောင်း အနည်းငယ်ဒဏ်ရာရရှိသွားတယ်။ မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့မှာ ဧပြီလ ၁၈  ရက်ကတည်းကစပြီး ည ၁၁ နာရီ နောက်ပိုင်း   ညမထွက်ရ အမိန့် ထုတ်ပြန်ထားတာဖြစ်ပါတယ်။ မြဝတီမြို့ဟာ မြန်မာနိုင်ငံဒေသအသီးသီးက ရွှေ့ပြောင်း ပျံကျသူတွေလာရောက်နေထိုင်တာ များတဲ့အတွက် လောင်းကစားမှု၊ မူးယစ်ဆေးဝါးမှု၊ ခိုးမှုနဲ့ တခြားရာဇဝတ်မှုတွေ ဖြစ်ပွားလေ့ရှိလို့   ခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့  နယ်မြေခံ လက်နက်ကိုင်အဖွဲ့တွေ ပူးပေါင်း ကင်းလှည့်နေတာဖြစ်ပါတယ်။ ဖိုးစီ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024