ဂျပန်နိုင်ငံတွင် အခက်အခဲကြုံနေသည့် မြန်မာနိုင်ငံသား ၁၉၅ ဦး ပြန်လည်ရောက်ရှိ (ဓာတ်ပုံ)
DVB
·
May 3, 2020
ဂျပန်နိုင်ငံမှာ အခက်အခဲကြုံတွေ့နေကြရတဲ့ မြန်မာနိုင်ငံသား ၁၉၅ ဦးအား ပထမအသုတ်အဖြစ် ကယ်ဆယ်ရေးလေယာဉ်နဲ့ မြန်မာနိုင်ငံကို မေ ၂ ရက်နေ့က ပြန်လည်ခေါ်ဆောင်ခဲ့ပါတယ်။
COVID-19 ကူးစက်ရောဂါအခြေအနေအရ နိုင်ငံတကာခရီးသည်တင်လေယာဉ်တွေ ပျံသန်းမှု ယာယီရပ်ဆိုင်းထားတာကြောင့် နိုင်ငံခြားရေးဝန်ကြီးဌာနက သက်ဆိုင်ရာဝန်ကြီးဌာနတွေ၊ မြန်မာသံရုံး၊ တိုကျိုမြို့နဲ့ ဂျပန်နိုင်ငံအစိုးရတို့အကြား ညှိနှိုင်းမှုတွေ ပြုလုပ်ပြီး All Nippon Airways (ANA) လေကြောင်းနဲ့ ခေါ်ဆောင်ခဲ့တာပါ။
အဆိုပါမြန်မာနိုင်ငံသား ၁၉၅ ဦးတို့ ဆန္ဒအလျောက် သီးခြားသတ်မှတ်ပေးထားတဲ့ နေရာတွေမှာ ၂၁ ရက် အသွားအလာကန့်သတ် နေထိုင်ရေးတို့ကို ရန်ကုန်တိုင်းအစိုးရအဖွဲ့က တာဝန်ယူ ဆောင်ရွက်ပေးသွားမယ်လို့ သိရှိရပါတယ်။
Photo - Ye Myo Khant / MPA