Home
မြန်မာသတင်း
မိုးညှင်းမြို့ရှိ COVID-19 လူနာအမှတ် ၁၄၄ ကို မြစ်ကြီးနားဆေးရုံ ပို့ဆောင်
DVB
·
April 25, 2020
Moe Hnyin Hospital
ကချင်ပြည်နယ်၊ မိုးညှင်းမြို့ရှိ ပြည်သူ့ဆေးရုံရှိ COVID-19 ရောဂါအတည်ပြု လူနာ အမှတ် ၁၄၄ အား ဧပြီလ ၂၅ ရက်နေ့ မနက်ပိုင်းက မြစ်ကြီးနား ပြည်သူ့ဆေးရုံကို ပို့ဆောင်လိုက်တယ်လို့ သိရပါတယ်။ မိုးညှင်းမြို့ အောင်သပြေ ၁ ရပ်ကွက်နေ COVID-19 အတည်ပြုလူနာ မောင်ရန်ခမ်း (၂၄-နှစ်) ဟာ ပုညရှင်စက္ခုပါလ မျက်စိကုဆေးရုံမှာ Facility Quarantine ၂၁ ရက် စောင့်ကြည့်ခံလျက်ရှိရာမှ ကိုယ်အပူချိန်မြင့်တက်လာတဲ့အတွက် မိုးညှင်းပြည်သူ့ဆေးရုံကို ပို့ဆောင်ခဲ့တာပါ။ “ရန်ကုန်၊ ချန်းရိစက်ရုံမှာ တရုတ်စကားပြန် လုပ်တာ။ ၂ ရက် ၃ လပိုင်းကနေ ၁၆ ရက် ၄ လထိ အဲဒီမှာ အလုပ်လုပ်တယ်။ ၄ ရက်နေ့မှာ ချောင်းဆိုးတယ်။ လှိုင်သာယာစက်ရုံမှာ ဆေးခန်းပြတယ်။ မသက်သာဘူး။ ရန်ကုန်ဆေးခန်းမှာ ပြန်ပြတယ်။ ဓာတ်မှန်ရိုက်တာတွေ လုပ်တယ်။ ဒါပေမဲ့ ချောင်းဆိုးနေသေးတော့ သူက ကားစင်းလုံးငှားပြီး မိုးညှင်းကို တန်းပြန်လာတယ်။ ရောက်တာနဲ့ FQ ဝင်တယ်။ သူ့ကိုယ်သူလည်း သံသယရှိတယ်။ လူက နည်းနည်းနုံးလာလို့ ၁၉ ရက်နေ့က ဆေးရုံကို ရွှေ့ပြီး သယ်တယ်၊ သလိပ်ယူ ပို့တယ်။ အဖြေက မနေ့က Positive နော်” လို့ မိုးညှင်းဆေးရုံအုပ် ဒေါ်မြာမီးက DVB ကို ပြောပါတယ်။ အဆိုပါလူနာရဲ့သလိပ်ကို မြစ်ကြီးနား ပြည်သူ့ဆေးရုံမှာ ဓာတ်ခွဲကြည့်ရာ COVID-19 ရောဂါ ပိုးတွေ့ရကြောင်း ဧပြီ ၂၄ ရက်က သိခဲ့ရပြီး ဒီနေ့မနက်ပိုင်းမှာ လူမှုကူညီရေးအသင်း ကားတွေနဲ့ မြစ်ကြီးနားဆေးရုံ ပို့ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။   ခင်သန်းညွန့်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024