Home
မြန်မာသတင်း
ကြည့်မြင်တိုင် ဗဟိုစံပြငါးစျေးပိတ်လိုက်သဖြင့် စျေးသူစျေးသားများနှင့် စည်ပင်အငြင်းပွားမှုဖြစ်
ဇေယျာချမ်းအေး
·
April 24, 2020
93918445_3063994960324642_7618290866544705536_n
93880123_3063994556991349_8576998614360915968_n
93875349_3063995330324605_7376757732772151296_n
93822166_3063994893657982_2289646331058192384_n
93670629_3063995026991302_5812295872066617344_n
ရန်ကုန်မြို့ ကြည့်မြင်တိုင် ဗဟိုစံပြငါးစျေးမှာ COVID-19 ကူးစက်ခံရနိုင်တာကြောင့် စည်ပင်ကစျေးရောင်းခွင့်ပိတ်ပင်တဲ့အတွက် စျေးသူ စျေးသားတွေနဲ့ စည်ပင်ဝန်ထမ်းတွေ ဧပြီ ၂၄ရက်နေ့ မနက်ပိုင်းကစပြီး အငြင်းပွားမှု ဖြစ်နေပါတယ်။ ဟိုစံပြငါးစျေးက စျေးသည်တွေကို ရွှေပိတောက်စျေးကိုပြောင်းရွှေ့ရောင်းချဖို့ စည်ပင်က အမိန့်ထုတ်ထားတာပါ။ ဗဟိုစံပြငါးစျေးဝင်းကိုလည်း ကျန်းမာရေးအတွက်ပိတ်လိုက်တယ်လို့ စျေးသူစျေးသားတွေကပြောပါတယ်။ စျေးသူစျေးသားတွေကို စျေးရောင်းခွင့်မပေးတော့ပေမယ့် စံပြငါးစျေးဝင်းထဲမှာ စည်ပင်က ကားပါကင်အနေနဲ့ တစ်စီးကို ငွေကျပ် ၂၀၀၀ နှုန်းနဲ့ ကောက်ခံပြီး ယာဉ်တွေကို ရပ်နားခွင့်ပြုထားတယ်လို့ ဈေးသည်တွေက ပြောပါတယ်။ ဗဟိုစံပြငါးစျေးက စျေးသည် ဒေါ်သီသီမိုးက “ ကျမတို့ကိုတော့စျေးရောင်းခွင့်မပြုတော့ပါဘူး။ ရွှေပိတောက်စျေးကို ပြောင်းပြီးရောင်းဖို့ပြောပါတယ်။ နေရာလည်းမစီစဉ်ပေးပါဘူး။ ရွှေပိတောက်စျေးမှာ နေရာ တစ်နေရာကို ငါးသောင်း၊ ခြောက်သောင်းပေးပြီး နေရာ ရောင်းစားနေပါတယ်။ ကျမတို့ကို စျေးရောင်းခွင့်သာမပေးတာ စံပြငါးစျေးမှာ စည်ပင်က ပါကင်ဖွင့်ပြီး ပိုက်ဆံကောက်နေပါတယ်။ တစ်စီးကို နှစ်ထောင်ကျပ်နှုန်းနဲ့ပါ” လို့ ပြောပါတယ်။ COVID-19 ကာလအတွင်းအခြေခံလူတန်းစားတွေရဲ့ စားဝတ်နေရေးဟာ စိန်ခေါ်မှုဖြစ်နေတာပါ။ လက်လုပ် လက်စားတွေကတော့ တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့အတွက် အလုပ်ကို မဖြစ်မနေလုပ်ရမှာဖြစ်တယ်လို့ စံပြငါးစျေးက စျေးသည်တွေကပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024