Home
မြန်မာသတင်း
ပဲခူးစက်မှုဇုန်တွင် စက်ရုံပိတ်ပေးရန် အလုပ်သမားများတောင်းဆို ဆန္ဒပြ
DVB
·
April 23, 2020
93648657_622246518360560_8005729871927967744_n
93640831_622246495027229_1929922023786545152_n
93418474_622246538360558_2315068483001384960_n
ပဲခူးစက်မှုဇုန်မှာ နိုင်ငံတော်ရဲ့ ညွှန်ကြားချက်အရ စက်ရုံအတော်များများ ယာယီပိတ်ထား ပေးခဲ့ပေမယ့် KM စက်ရုံက အလုပ်ပိတ်မပေးသေးတာကြောင့် စက်ရုံပိတ်ထားပေးဖို့ စက်ရုံလုပ်သားတွေက တောင်းဆိုနေပါတယ်။ စက်ရုံလုပ်သားတွေဟာ စက်ရုံထဲမဝင်ဘဲ စက်ရုံရှေ့မှာ စုရုံးတောင်းဆိုခဲ့ကြပြီးနောက် စက်ရုံလုပ်သား ၁၂၀၀ လောက်ဟာ စက်ရုံရှေ့ကနေ ၇ မိုင်လောက်ဝေးတဲ့ အလုပ်သမားရုံးကို လမ်းလျှောက်ဆန္ဒပြခဲ့ကြပါတယ်။ ဒေသခံလွှတ်တော်ကိုယ်စားလှယ်တဦးက “အဓိက အလုပ်သမားတွေ လိုချင်တာက သူတို့ကိုလည်း လူသားခြင်းစာနာတဲ့အနေနဲ့ အခြားစက်ရုံတွေလို ပိတ်ပေးဖို့ကို လိုလားနေကြတာပါ။ ဒီကိစ္စနဲ့ ပတ်သက်ပြီးသက်ဆိုင်ရာ တာဝန်ရှိသူတွေ နဲ့အလုပ်သမားတွေ အကြားပြေလည်မှုရှိအောင် ညှိနှိုင်းပေးဖို့ အလုပ်သမားရုံးမှာ စက်ရုံလုပ်သားတွေအလာကို စောင့်နေတယ်”လို့ ပြောပါတယ်။ COVID-19 ရောဂါကပ်ဘေးနဲ့ ကြုံတွေ့နေရချိန်မှာ စက်ရုံအလုပ်ရုံတွေအနေနဲ့ ကျန်းမာရေးဌာနက ချမှတ်ထားတဲ့ ညွှန်ကြားချက်တွေကို လိုက်နာကြဖို့နဲ့ စည်းကမ်းမလိုက်နာတဲ့ စက်ရုံတွေကို အရေးယူဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောထားပါတယ်။  အောင်စိုးမိုး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024