Homeမြန်မာသတင်း
COVID-19 တုံ့ပြန် ဆောင်ရွက်နိုင်ရန် မြန်မာနိုင်ငံကို ကမ္ဘာ့ဘဏ်က ဒေါ်လာသန်း ၅၀ ချေးငွေကူညီ
COVID-19 တုံ့ပြန် ဆောင်ရွက်နိုင်ရန် မြန်မာနိုင်ငံကို ကမ္ဘာ့ဘဏ်က ဒေါ်လာသန်း ၅၀ ချေးငွေကူညီ
DVB
·
April 21, 2020
မြန်မာနိုင်ငံမှာ COVID-19 ရောဂါ တုံ့ပြန်ရေးလုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့အတွက် ချေးငွေ အမေရိကန် ဒေါ်လာသန်း ၅၀ ကို ကမ္ဘာ့ဘဏ်က အတည်ပြုလိုက်ကြောင်း ဧပြီ ၂၀ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
ဒီချေးငွေတွေနဲ့ အဓိကအားဖြင့် သတ်မှတ်ထားတဲ့ ဆေးရုံတွေရဲ့ အထူးကြပ်မတ်စောင့်ရှောက်မှုဌာနတွေကို အဆင့်မြှင့်တင်သွားမှာဖြစ်ပြီး ကျန်းမာရေး၀န်ထမ်းတွေ စွမ်းဆောင်ရည်မြှင့်တင်ပေးဖို့နဲ့ ရပ်ရွာလူထုအသိပေးလုပ်ငန်းတွေ တစ်နိုင်ငံလုံးမှာ တိုးမြှင့်ဆောင်ရွက်သွားနိုင်ဖို့ အဓိက ရည်ရွယ်ထားပါတယ်။
ကူညီပေးမယ့် စီမံကိန်းမှာ တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးရှိ ဗဟိုအဆင့် ဆေးရုံ ၈ ရုံနဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်အဆင့် ဆေးရုံ ၄၃ ရုံ ပါ၀င်မှာ ဖြစ်ပါတယ်။
လုပ်ငန်းတွေကို အပိုင်းလိုက် ဆောင်ရွက်သွားမှာဖြစ်ပြီး အရေးပေါ် အလိုအပ်ဆုံးဖြစ်တဲ့ လူဦးရေ ထူထပ်တဲ့ ဒေသတွေ၊ ခရီးသွားလာသူတွေနဲ့ ရွှေ့ပြောင်းလုပ်သား အများအပြားရှိတဲ့ ဒေသတွေမှာ ဦးစားပေး ဆောင်ရွက်သွားမယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဓာတ်ပုံ- AFP