COVID-19 ထိန်းချုပ်ကာကွယ်နိုင်ရန် ကျောက်ဖြူမြို့၌ ယာယီစျေးအချို့ ဖွင့်လှစ်ပေး
DVB
·
April 19, 2020
COVID-19 ကူးစက်ပြန့်ပွားမှု ထိန်းချုပ်ကာကွယ်နိုင်ဖို့ ရခိုင်ပြည်နယ်၊ ကျောက်ဖြူ မြို့မစျေးနဲ့ ရပ်ကွက်ပျံကျဈေးအချို့ကို ပိတ်သိမ်းပြီး ယာယီစျေးတွေ ဖွင့်လှစ်ပေးထားတယ်လို့ သိရပါတယ်။
ဧပြီ ၁၈ ရက်နေ့က စတင်ပြီး ကွင်းပြင်တွေမှာ ယာယီဈေးတွေ ဖွင့်လှစ်ပြီး ဆိုင်နေရာ အကျယ်အဝန်းသတ်မှတ်ကာ ရောင်းချနိုင်အောင် စီစဉ်ပေးထားတယ်လို့ ကျောက်ဖြူ စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ ဦးသန်းဝင်က ပြောပါတယ်။
“COVID-19 ရောဂါလည်း ဖြစ်လာတဲ့အတွက် လူနေထူထပ်ပြီးတော့ စုစုဝေးဝေးနဲ့ မဖြစ်စေအောင် တခုရယ်၊ နောက်တခါ လူတွေ ဝယ်တဲ့အခါမှာ ရောဂါအန္တရာယ်ကင်းကင်းနဲ့ စျေးဝယ်နိုင်အောင်အတွက် ကျနော်တို့က သက်ဆိုင်ရာကွင်းတွေမှာ တဆိုင်နဲ့တဆိုင် ၆ ပေအကွာ၊ လမ်းဆိုရင် ၈ ပေအကျယ် အကွက်ရိုက်ပြီးတော့ ရောင်းချနိုင်ဖို့အတွက် စီစဉ်ပေးထားတာ ဖြစ်ပါတယ်။”
ကျောက်ဖြူမြို့ပေါ်မှာ ယာယီစျေးနေရာ ၃ နေရာ သတ်မှတ်ကာ အခြေခံစားသောက်ကုန်တွေ၊ ဟင်းသီးဟင်းရွက်နဲ့ သားငါးတွေ ရောင်းချပေးနိုင်ဖို့ အဓိကထားကာလုပ်ဆောင်ပေးနေတယ်လို့ ဦးသန်းဝင်း ဆိုပါတယ်။
“မြို့မစျေးကြီးမှာတော့ ငါးဒိုင်နဲ့ အသားဒိုင်ဆိုင်တွေကို ထားပေးပါတယ်၊ နေရာကျယ်ကျယ်ဝန်းဝန်းလည်း ဖြစ်သွားတာပေါ့။ အသီးအရွက်တွေနဲ့ အခြေခံစားသောက်ကုန်တွေကိုကျတော့ နဂါးကျောင်းကွင်းမှာပဲ နေရာချပေးပါတယ်။ ရပ်ကွက်တွေမှာ ရောင်းချနေတဲ့ ပျံကျစျေးတွေဖြစ်တဲ့ ကညင်တောနဲ့၊ ကုလာဘာတောင် ပျံကျစျေးတွေကိုတော့ စိုက်ပျိုးရေးခြံကွင်းထဲမှာ နေရာပေါင်းပြီး ရောင်းချနိုင်အောင် စီစဉ်ပေးထားတာ နေရာကတော့ ၃ နေရာ ဖြစ်သွားမှာပေါ့။”
နောင်နောင်