Homeမြန်မာသတင်း
မကွေးတိုင်းအတွင်း စောင့်ကြည့်လူနာ ၉ ဦးနှင့် နိုင်ငံခြားကပြန်လာသူ ၂၄ ဦးတွင် ရောဂါပိုးမတွေ့
မကွေးတိုင်းအတွင်း စောင့်ကြည့်လူနာ ၉ ဦးနှင့် နိုင်ငံခြားကပြန်လာသူ ၂၄ ဦးတွင် ရောဂါပိုးမတွေ့
DVB
·
April 18, 2020
မကွေးတိုင်းအတွင်းက ဆေးရုံတွေမှာ Quarantine ပြုလုပ်ထားတဲ့ စောင့်ကြည့်လူနာ ၉ ဦးနဲ့ နိုင်ငံခြားက ပြန်လာသူ ၂၄ ဦးမှာ COVID-19 ရောဂါပိုး မတွေ့ရှိဘူးလို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာခင်မောင်သန်းက ပြောပါတယ်။
“မကွေးတိုင်းဒေသကြီး ဆေးရုံတွေကနေ ဓာတ်ခွဲနမူနာ ပေးပို့ဖို့ ဧပြီ ၁၈ ရက်နေ့အထိ နောက်ထပ် ၄ ဦးလောက်ရှိနေပြီး ဧပြီ ၁၉ ရက်နေ့မှာ ထပ်မံပေးပို့စစ်ဆေးသွားမှာ ဖြစ်ပါတယ်။ Case-53 လူနာကိုလည်း မကွေးတိုင်း ပြည်သူ့ဆေးရုံကြီး အထူးသီးသန့်ကုသဆောင်မှာ ကြပ်မတ်ကုသလျက်ရှိပြီး ကျန်းမာရေး ကောင်းမွန်နေပါတယ်။”
မကွေးတိုင်းအတွင်း စောင့်ကြည့်လူနာ ၈၈ ဦးရဲ့ လည်ချောင်းတို့ဖတ်၊ နှာခေါင်းတို့ဖတ်တို့ကို ဓာတ်ခွဲနမူနာ ပေးပို့စစ်ဆေးရာမှာ COVID-19 ရောဂါပိုး မတွေ့ရှိရဘူးလို့ ပြည်သူ့ ကျန်းမာရေးဦးစီးဌာနက သိရပါတယ်။
မကွေးတိုင်းအတွင်းမှာ နိုင်ငံခြားကပြန်လာသူ ၁၄၀၀၀ လောက်ကို Facily Quanrantine ပြုလုပ်ပေးထားပြီး ဓာတ်ခွဲနမူနာ ဆက်တိုက်ပေးပို့ စစ်ဆေးနေတယ်လို့ သိရပါတယ်။
မင်းထီး