ဟားခါးနှင့် တောင်ကြီးမြို့တို့တွင် မြေငလျင်လှုပ်
DVB
·
April 18, 2020
ဟားခါးနဲ့ တောင်ကြီးမြို့တို့နားမှာ ဧပြီ ၁၇ ရက်နေ့ ငလျင်လှုပ်ခဲ့တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ပါတယ်။
ည ၁၀ နာရီ မိနစ် ၂၀ ကျော်က ဟားခါး ငလျင်စခန်းရဲ့ အရှေ့-အရှေ့မြောက်ဘက် ၂၇ မိုင် လောက်ဝေးတဲ့၊ ဖလမ်းမြို့ရဲ့ အရှေ့တောင်ဘက် ၂၅ မိုင်လောက်အကွာကို ဗဟိုပြုပြီး ရစ်(ခ်)တာစကေး ၄ အဆင့် အင်အားနည်းနည်းရှိတဲ့ မြေငလျင်တခု လှုပ်ခဲ့ပါတယ်။
မနေ့ညနေ ၄ နာရီ မိနစ် ၂၀ ကျော်ကလည်း တောင်ကြီးမြေငလျင်စခန်းကနေ တောင်ဘက် ၅၂ မိုင်လောက်ဝေးတဲ့ ပင်လောင်းမြို့ရဲ့ အရှေ့တောင်ဘက် မိုင် ၂၀ လောက်ကို ဗဟိုပြုပြီး ရစ်(ခ်)တာစကေး ၄ ဒသမ ၁ အဆင့် အင်အားနည်းနည်းရှိတဲ့ ငလျင်တခု လှုပ်ခဲ့တယ်လို့ ဆိုပါတယ်။
ဧပြီ ၁၆ ရက်မနက်ပိုင်းကလည်း ချင်းပြည်နယ် ဖလမ်းမြို့နားမှာ ငလျင်လှုပ်ခဲ့သလို ဟားခါး၊ စလေနဲ့ ခန္တီးမြို့တို့နားမှာလည်း လှုပ်ခဲ့ပါသေးတယ်။