Home
မြန်မာသတင်း
ပိုးတွေ့လူနာများကို မိခင်နှင့်ကလေးဆေးရုံ တိုးချဲ့ဆောင်တွင် ထားရှိရန် စီစဉ်
ညီငယ်
·
April 18, 2020
Women and Child Hospital SouthOkkalapa
အရင်ကသံ သယလူနာတွေထားတဲ့ တောင်ဥက္ကလာပမြို့နယ်ထဲက မိခင်နဲ့ကလေးဆေးရုံ တိုးချဲ့ဆောင်ကို COVID-19 အတည်ပြုလူနာတွေထားဖို့ စီစဉ်နေတယ်လို့ တောင်ဥက္ကလာပမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးမိုးမြင့်က ဒီဗွီဘီကိုပြောပါတယ်။ ဝေဘာဂီအထူးကုဆေးရုံမှာ ပိုးတွေ့လူနာတွေထားဖို့ သတ်မှတ်ထားတဲ့ အရေအတွက်ကျော်ရင် မိခင်နဲ့ကလေးဆေးရုံ တိုးချဲ့ဆောင်မှာထားဖို့ စီစဉ်တာဖြစ်ပြီး ရပ်ကွက်နဲ့နီးတဲ့ အဲဒီဆေးရုံကို အရင် သံသယလူနာထားတုန်းက ရပ်ကွက်နေပြည်သူတွေ ပြောဆိုဝေဖန်ကြတာရှိပေမဲ့ ဆေးရုံနဲ့ ရပ်ကွက်အကွာအဝေးဟာ ကူးစက်နိုင်ခြေမရှိတဲ့အပြင် စနစ်တကျထားတဲ့အတွက် ပြည်သူတွေ လက်ခံခဲ့ကြတယ်လို့ ဆိုပါတယ်။  မိခင်နဲ့ကလေးဆေးရုံ တိုးချဲ့ဆောင်မှာ လူနာ ၁၀၀ ကျော်အထိ ထားရှိနိုင်တယ်လို့ သိရပါတယ်။  ရန်ကုန်မှာ ပိုးတွေ့လူနာတွေထားဖို့ ဝေဘာဂီအထူးကုဆေးရုံကြီး၊ မိခင်နဲ့ကလေးဆေးရုံနဲ့ ဗဟိုဝန်ထမ်းတက္ကသိုလ်(ဖောင်ကြီး)မှာ စီစဉ်ထားပါတယ်။  ဒီကနေ့ ဧပြီ ၁၈ ရက် မနက်ပိုင်းအထိ မြန်မာနိုင်ငံမှာ COVID-19 ရောဂါကူးစက်ခံရတဲ့ အတည်ပြုလူနာ ၉၄ ဦးနဲ့ သေဆုံးသူ ၅ ဦးရှိပါတယ်။  ပိုးတွေ့လူနာ ၉၄ ဦးမှာ ရန်ကုန်တိုင်းက အများဆုံးဖြစ်ပြီး ၃ ဦး သေဆုံးခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024