Home
မြန်မာသတင်း
COVID-19 ရောဂါ ထိန်းချုပ်နိုင်ရန် ခန္တီးမြို့ မင်္ဂလာစျေး ယာယီပြောင်းရွှေ့
DVB
·
April 17, 2020
92698826_2520199208294987_7774708619072765952_n
COVID-19 ရောဂါကူးစက်မှု ထိန်းချုပ်နိုင်ရေးအတွက် လူစုလူဝေးလျှော့ချနိုင်ဖို့ ခန္တီး မင်္ဂလာဈးအား ပြည်သူ့အားကစားကွင်းကို ဧပြီ ၁၇ ရက်နေ့က စတင်ယာယီပြောင်းရွှေ့ လိုက်ပါတယ်။ "ရောဂါကူးစက်မှုမဖြစ်အောင် ပြည်သူ့အားကစားကွင်းက ကျယ်တယ်၊ စျေးရုံထဲ ကျဉ်းတယ်။ အခုပြောင်းရွှေ့ထားတာက သားစိမ်း ရောင်းသူ ဟင်းသီးဟင်းရွက်သူတွေကို ပြောင်းရွေ့ထားတာ” လို့ ဦးဘကြိုင်က ပြောပါတယ်။ စျေးသည်တယောက်ချင်းစီ ၃ ပေအကွာ စည်းခြားပေးထားတယ်လို့ ခန္တီးမြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးဘကြိုင်က ပြောပါတယ်။ စျေးရောင်းသူ၊ စျေးဝယ်လာသူအားလုံး နှာခေါင်းစည်းတပ်ရမှာဖြစ်ပြီး စနစ်တကျဈေးဝယ်နိုင်ဖို့ လက်ဆေးကန်ထားရှိ ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။ အောင်ဆန်းမြင့်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024