Home
မြန်မာသတင်း
မကွေးတိုင်းရှိ  လေဘေးသင့် ပြည်သူများအား ထောက်ပံ့ငွေ ပေးအပ်
DVB
·
April 15, 2020
93890192_2300687346899380_7041701222272729088_n
93245071_2300687550232693_121734594532737024_o
92953356_2300687383566043_1765915132765929472_o
92724572_2300687660232682_5245458526565826560_o
92369049_2300687603566021_5320966126098710528_o
မကွေးတိုင်းဒေသကြီး၊ ကံမမြို့နယ်နဲ့ မင်းတုန်းမြို့နယ်တွေက လေဘေးသင့်ပြည်သူတွေကို ထောက်ပံငွေတွေပေးအပ်ခဲ့တယ်လို့ တိုင်း ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက ညွှန်ကြားရေးမှူး ဦးမြင့်စိုး ကပြောပါတယ်။ မကွေးတိုင်း ကံမမြို့နယ် ကျောက်ပန်းတောင်းရွာမှာ ဧပြီလ ၁၂ ရက်နေ့က လေပြင်းတိုက်ခတ်ပြီး နေအိမ် ၉ လုံး အမိုးလန်ပျက်စီခဲ့တဲ့အတွက်  ထောက်ပံ့ ငွေ ၃၃၀,၀၀၀ ကျော် ပေးအပ်ခဲ့ပါတယ်။ ဒါ့အပြင် ဧပြီလ ၁၄ ရက်နေ့မှာလည်း မင်းတုန်းမြို့နယ်ထဲက ကျေးရွာလေးရွာမှာ လေပြင်းတိုက်ခတ်ခဲ့တဲ့ အတွက် နေအိမ် ၁၀လုံး အမိုးလန်ပျက်စီးခဲ့လို့ ထောက်ပံ့ငွေ ကျပ် ၄၀၀,၀၀၀ ကျော် ပေးအပ်ခဲ့ပါတယ်။   ကံမမြိုနယ်နဲ့ မင်းတုန်းမြို့နယ်တွေမှာ ဧပြီလ ၁၂ ရက်နေ့နဲ့ ၁၄ ရက်နေ့တွေမှာ လေပြင်းတိုက်ခတ်ခဲ့လို့ စုစုပေါင်း အိမ်ခြေ ၁၉ လုံး အမိုးလန်ပျက်စီးခဲ့ပြီး လူဦးရေ ၆၉ ဦး လေဘေးသင့်ခဲ့တယ်လို့ ဘေးအန္တရာယ်ဆိုင်ရ စီမံခန့်ခွဲမှု ဦးစီးဌာနက သိရပါတယ်။ သတင်း-မင်းထီး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024