Home
မြန်မာသတင်း
ဒိုက်ဦးမြို့နယ်တွင် မူးယစ်ရမ်းကားနေသူ ၁ ဦးကို ရဲတပ်ဖွဲ့က ပစ်ခတ်ဖမ်းဆီး
DVB
·
April 13, 2020
Lout Dike U
ပဲခူးတိုင်း ဒိုက်ဦးမြို့နယ်မှာ မူးယစ်ရမ်းကားနေသူ ၁ ယောက်ကို ရဲတပ်ဖွဲ့က သတိပေး ပစ်ခတ်ဖမ်းဆီးခဲ့တယ်လို့ ပြည်ထဲရေးက ထုတ်ပြန်ပါတယ်။ ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၁၂ ရက်နေ့ ညနေ ၅ နာရီခွဲက ဒိုက်ဦးမြို့၊ ဒရယ်မီးရပ်ကွက်နေ မိုးမင်းထက် (၂၁-နှစ်)ဟာ အရက်သေစာ သောက်စားမူးယစ်ပြီး နေအိမ်ရှိပရိဘောဂပစ္စည်းတွေကို ရိုက်ချိုးဖျက်ဆီးနေကြောင်း သတင်းအရ ဒိုက်ဦးမြို့ ရဲတပ်ဖွဲ့ဝင်များ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့က  သွားရောက်ထိန်းသိမ်းခဲ့တယ်လို့ ဆိုပါတယ်။ မိုးမင်းထက်က ရဲတပ်ဖွဲ့ဝင်တွေကို ညစ်ညမ်းစွာ ဆဲဆိုပြီး “အကုန် သတ်ပစ်မယ်” လို့ ခြိမ်းခြောက်ပြောဆိုကာ ဓားနဲ့ခုတ်ဖို့ ပြေးဝင်လာတာကြောင့် ရဲတပ်ဖွဲ့ဝင်တဦးက ၁၂ ဗို့ ပြောင်းချောသေနတ်နဲ့ ၁ ချက် သတိပေးပစ်ခတ်ခဲ့ရာ ဒဏ်ရာ (မစိုးရိမ်) ရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ‌ ဖော်ပြပါတယ်။ မိုးမင်းထက်(ဖမ်းမိ)အား ဒိုက်ဦးမြို့မရဲစခန်းက  ရာဇသတ်ကြီးပုဒ်မ ၃၅၃/၅၀၆/၂၉၄( တာဝန်ထမ်းဆောင်နေသော ပြည်သူ့ဝန်ထမ်းအား နှောင့်ယှက်မှု၊ ခြိမ်းခြောက်မှု၊ ဆဲဆိုမှု) နဲ့ အမှုဖွင့် စစ်ဆေးနေတယ်လို့ သိရပါတယ်။ Photo : Ministry of Home Affairs, Myanmar
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024