Home
မြန်မာသတင်း
မြိုင်မြို့တွင် COVID-19 ရောဂါ ကာကွယ်ရေး အစီအမံများဖြင့် ယာယီစျေးတခု ဖွင့်လှစ်ပေး
DVB
·
April 13, 2020
Myaing MyotMa Market Temporary open 2
Myaing MyotMa Market Temporary open 1
မကွေးတိုင်း၊ မြိုင်မြို့မှာ စျေးပိတ်ရက်အတွင်း ပြည်သူတွေ စားသောက်ကုန် ဝယ်ယူနိုင်ဖို့ COVID-19 ကာကွယ်ရေး အစီအမံတွေနဲ့ ယာယီစျေးတခု ဖွင့်လှစ်ပေးထားတယ်လို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းဌေးက ပြောပါတယ်။ မြိုင်မြို့နယ်အတွင်း လူဦးရေ  ၂ သိန်းကျော်လောက်တာကြောင့် စျေးရှိဖို့ လိုအပ်တဲ့အတွက် စားသောက်ကုန်တွေကို စနစ်တကျ ရောင်းဝယ်နိုင်အောင် စီမံပေးထားတာပါလို့ ဆိုပါတယ်။ “စျေးပိတ်ရက်တွေမှာ ပြည်သူတွေ စားသောက်ကုန် ဝယ်ရယူရတာ အဆင်ပြေအောင် ရည်ရွယ်ပြီး မြိုင်မြို့ ဘောလုံးကွင်းမှာ ယာယီစျေးတခု ဖွင့်လှစ်ပေးထားတာပါ။ ဝင်ပေါက်မှာ လက်ဆေးဘေစင်ထားရှိပြီး လတ်ဆေး၊ နှာခေါင်းစည်း Mask တပ်၊ ကိုယ်ပူချိန် တိုင်းပြီးမှစျေးရောင်း စျေးဝယ်ခွင့်ပြုတာပါ။ တကယ်လို့ နှာခေါင်းစည်း Mask မပါခဲ့ရင်လည်း မှန်ကန်တဲ့စျေးနှုန်းနဲ့ အဝင်ဝမှာ ရောင်းချပေးနေပြီး မတပ်ဆင်ဘဲ ဝင်ရောက်ရင် ဒဏ်တပ် အရေးယူသွားမှာပါ။ စျေးသည် တဦးနဲ့တဦးကိုလည်း ၁၀ ပေ အကွာအဝေး နေရာသတ်မှတ်ပေးထားပြီး ကုန်ပစ္စည်းနဲ့ဆိုရင် ၆ ပေ ကွာဝေးမှာဖြစ်ပါတယ်။” အဆိုပါယာယီစျေးကို ဧပြီ ၁၉ ရက်နေ့ထိ နေ့စဉ် မနက် ၄ နာရီကနေ ၉ နာရီထိ ဖွင့်လှစ်ပေးမှာ ဖြစ်ပြီး စားသောက်ကုန်များသာ ရောင်းချခွင်ပေးသွားမယ်လို့ သိရပါတယ်။ ဒါ့အပြင် မြိုင်မြို့နယ်အတွင်းရှိ နေရာ ၇ ခုမှာ COVID-19 ရောဂါကြိုတင်ကာကွယ်ရေး အတွက် ပြည်ပကနေ ပြန်ဝင်လာသူ ၄၇၉ ဦးကို Facility Quarantine ပြုလုပ်ပေးထားတယ်လို့ သိရပါတယ်။ မင်းထီး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024