Home
မြန်မာသတင်း
ချောက်မြို့နယ် ကျန်းမာရေးဝန်ထမ်း ၂၇၀ ကျော်ကို စားသောက်ကုန်များ လှူဒါန်း
DVB
·
April 13, 2020
Give offer base food for Chauk Health Staff 2
Give offer base food for Chauk Health Staff 1
မကွေးတိုင်း၊ ချောက်မြို့နယ်အတွင်းရှိ ကျန်းမာရေး ဝန်ထမ်း ၂၇၂ ဦးကို မြို့နယ်ဆရာဝန်ကြီးက ဆန်၊ ဆီ၊ ကုလားပဲ စတဲ့ရိက္ခာ ၃ မျိုး ဧပြီ ၁၂ ရက်မှာ လှူဒါန်းခဲ့ပါတယ်။ ဆရာတို့ မိသားစုက ကိုယ့်ဝန်ထမ်းတွေကို ကုသိုလ်လုပ်တဲ့သဘောပါ။ မဟာသင်္ကြန်ရက်အတွင်း၊ တမြို့နယ်လုံးမှာရှိတဲ့ ကျန်းမာရေးနှင့် ကုသရေးဝန်ထမ်း၊ နေ့စားဝန်ထမ်း အပါအဝင် ၂၇၂ ဦးကို လို့ ချောက်မြို့ ပြည်သူ့ဆေးရုံ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမျိုးသက်ဦးက ပြောပါတယ်။ ကျန်းမာရေးဝန်ထမ်း တဦးကို ဆန် ၄ ပြည်၊ ဆီ ၅၀ ကျပ်သား၊ ကုလားပဲ နို့ဆီဘူး ၃ ဘူး ပေးဝေလှူဒါန်းခဲ့တာပါ။ ချောက်မြို့နယ် စလေမြို့ဆေးရုံ ဆေးရုံအုပ် ဒေါက်တာခင်မာလွင် မိသားစုကလည်း စလေမြို့ရှိ ကျန်းမာရေးဝန်ထမ်း ၂၇ ဦးနဲ့ ကြက်‌ခြေနီတပ်ဖွဲ့ဝင် ၁၇ ဦးတို့အား ၁ ဦးကို ဆန် ၁ ပြည်၊ ဆီ ၅၀ ကျပ်သား၊ ကြက်ဥ ၁၀ လုံးတို့ လှူဒါန်းပေးဝေခဲ့တယ်လို့ သိရပါတယ်။ ကိုလင်း(ချောက်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024