Homeမြန်မာသတင်း
ဝက်လက်မြို့က အခြေခံလူတန်းစား ၂ သောင်းကျော်ကို အိမ်တိုင်ရာရောက် စားသောက်ကုန်များ ပေးဝေ
ဝက်လက်မြို့က အခြေခံလူတန်းစား ၂ သောင်းကျော်ကို အိမ်တိုင်ရာရောက် စားသောက်ကုန်များ ပေးဝေ
DVB
·
April 12, 2020
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့က ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစား ၂ သောင်းကျော်ကို အခြေခံစားကုန်တွေ ဧပြီလ ၁၂ ရက်နေ့က အိမ်တိုင်ရာရောက် စတင်ပေးဝေနေတယ်လို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးလှိုင်မောင်က ပြောပါတယ်။
“လူစုလူဝေးမဖြစ်စေရေးအတွက် အိမ်တိုင်ရာရောက်စနစ်နဲ့ အခု မြို့ပေါ် ကရပ်ကွက်တွေကို စတင်ပေးဝေနေတာပါ။ ရပ်ကျေးရုံးတွေရဲ့ တင်ထားတဲ့ စာရင်းအတိုင်း အငြင်းပွားဖွယ်မရှိအောင်တော့ စီမံထားပါတယ်။ ဒါပေမဲ့ စာရင်းကောက်ယူရတဲ့ အချိန်အတိုင်းအတာနဲ့ အခြေခံလူတန်းစားသတ်မှတ်ချက်ပုံစံတွေအရ အခြေခံလူတန်းစား စာရင်းတွေဟာ အနည်းအကျဉ်းတော့ မှားယွင်းနိုင်ပါတယ်။”
မြို့ပေါ်ရပ်ကွက်တွေနဲ့ အချို့ကျေးရွာတွေကို ဒီနေ့စတင်ဝေပေးနေတာဖြစ်ပြီး သင်္ကြန်ကာလအတွင်း ကျေးရွာတွေကို အလှည့်ကျပေးသွားမယ်လို့ ဆိုပါတယ်။
ဝက်လက်မြို့နယ်အတွင်း မတ်လကုန်အထိ စာရင်းတွေအရ အိမ်ထောင်စုပေါင်း ၅၂၁၈၉ ရှိပြီး အခြေခံလူတန်းစား စာရင်းတင်အိမ်ထောင်စုပေါင်း ၂၃၅၆၆ စုရှိတယ်လို့ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက သိရပါတယ်။
အောင်စံလင်း