ကန့်ကွက်မှုများရှိနေသဖြင့် မန္တလေးမြို့က COVID-19 ပညာပေး Billboard အချို့ဖြုတ်သိမ်း
DVB
·
April 8, 2020
မန္တလေးမြို့ရှိ အထင်ကရနေရာတွေမှာစိုက်ထူထားတဲ့ ကြော်ငြာဆိုင်းဘုတ်ကြီးတွေပေါ်မှာ နာရေးကူညီမှုအသင်း(ရန်ကုန်) ဦးကျော်သူရဲ့ပုံနဲ့ " အိမ်မှာနေရမလား ငါလာခေါ်ရမလား "လို့ ကပ်ထားတာကို လူထုကန့်ကွက်မှုတွေ ရှိနေတဲ့အတွက် ဧပြီ ၇ ရက်နေ့ ညနေပိုင်းတွင် ပြန်လည်ဖြုတ်သိမ်းခဲ့ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ရောဂါကူးစက်ခံရမှာကို ကာကွယ်တဲ့အနေနဲ့ ပြည်သူတွေ နေအိမ်မှာ နေကြဖို့ ကျန်းမာရေးပညာပေးအနေနဲ့ ကြော်ငြာဆိုင်းဘုတ်တွေစိုက်ထူထားတာဖြစ်ပြီး MASK တပ်ရန်နှိုးဆော်ထားတဲ့ ဆိုင်းဘုတ်တွေကတော့ အရင်အတိုင်း ဆက်လက် ထားရှိပါတယ်။
Photo - Kaung Zaw Hein / MPA