Home
မြန်မာသတင်း
ကယားပြည်နယ်က ကျေးရွာပေါင်း ၄၀ ကျော်တွင် လက်ဆေး Basin များ တပ်ဆင်
နော်နိုရင်း
·
April 8, 2020
92099622_10219599704196563_5648885015132504064_o
92019085_10219599703796553_3923476307345670144_o
91987119_10219599714196813_2913189648731734016_o
91952600_10219599712916781_4725313969563107328_o
91711723_10219599703996558_4206426699811782656_o
91548620_10219599705196588_1093603449288785920_o
COVID-19 ရောဂါ ကာကွယ်ရေးနဲ့ လက်ဆေးတဲ့အလေ့အကျင့်ရစေဖို့ ကယားပြည်နယ်အတွင်းက ကျေးရွာတွေမှာ ပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနဲ့ UNICEF အဖွဲ့တို့ ပူးပေါင်းပြီး လက်ဆေးတဲ့ Basin တွေ တပ်ဆင်ခြင်းနဲ့  လက်ဆေးဆပ်ပြာတွေထားရှိပေးတဲ့ စီမံကိန်းကို စတင်လုပ်ဆောင်နေပါတယ်။ ကယားပြည်နယ် လွိုင်ကော်မြို့နယ်၊ ဒီးမော့ဆိုမြို့နယ်နဲ့ ဖားဆောင်းမြို့နယ်တွေကို စတင်လုပ်ဆောင်နေတာ ဖြစ်တယ်လို့  ကယားပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ပြည်နယ်ဦးစီးညွန်ကြားရေးမှူး ဦးကျော်သူအောင်က ပြောပါတယ်။   “ကျနော်တို့ မြို့ ၃ မြို့ကို စပြီးတော့ မိတ်ဆက်အကောင်အထည်ဖော် ဆောင်ရွက်နေပါတယ်။ အဲဒါကတော့ လွိုင်ကော်ရယ်၊ ဒီးမော့ဆိုရယ်၊ ဖားဆောင်းရယ်ဖြစ်ပါတယ်။ ဒီလုပ်ငန်းလုပ်ဖို့ အတွက်ကို လုပ်ငန်းစီမံကိန်းရံပုံငွေအနေနဲ့ ကျနော်တို့ ဦးစီးဌာနဲ့ UNICEF ပူးပေါင်းပြီး UNICEFက ရံပုံငွေ မြို့နယ်တမြို့နယ်ကို ကျပ်၃၂၅၀၀၀၀ ခွင့်ပြုထားပေးပါတယ်။ မြို့နယ် ၃ မြို့နယ်အတွက်ကို ကနဦး သက်ဆိုင်ရာကော်မီတီတွေ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တွေ၊ လွှတ်တော် ကော်မီတီတွေနဲ့ တိုင်ပင်ညှိနှိုင်းပြီးတော့မှ ကျေးရွာပေါင်း ၄၂ ရွာ၊ လက်ဆေး Basin ပေါင်းအခု ၅၀ ကနဦး တပ်ဆင်သွားမှာဖြစ်ပါတယ်။ ” ဒီကနေ့ လွိုင်ကော်မြို့မှာ ရှိတဲ့ကျေးရွာ ၁၀ ရွာမှာ လက်ဆေး Basin ၁၀ ခု စတင် တပ်ဆင်ဆောင်ရွက်ပေးပြီးဖြစ် ကြောင်းလည်း ပြောပါတယ်။ လွိုင်ကော်မြို့နယ်မှာမှ ကျေးရွာ ၁၆ ရွာကို တပ်ဆင်ပေးမှာဖြစ်ပြီး အဓိက လူစည်ကားတဲ့ ကျေးရွာတွေကို ရွေးချယ်တပ်ဆင်တာဖြစ်တယ်လို့လည်း ညွှန်ကြားရေးမှူး ဦးကျော်သူအောင် က ပြောပါတယ်။ ပဒါးညေးကျေးရွာက စိုင်းငြိမ်းချမ်းသူက “ကျေးလက်ကျန်းမာရေးက ကျနော်တို့ကို ရေ Basinတို့ ၊ ကျန်းမာရေးအသိပညာလာကပ်ပေးတာတို့ ဌာနဆိုင်ရာကို ကျေးဇူးတင်တယ်ဗျာ။ ဘာလို့လဲဆိုတော့ ဒီလူတယောက်ရဲ့ကျန်းမာရေးက အဓိက လက်ဆေးတာကအစ အစားစားတာက အစ လက်ကတော့ စင်ကြယ်စွာဆေးမှ ကျန်းမာရေးကောင်းတာပေါ့နော်။” ပဒါးညေးကျေးရွာမှာ COVID-19 နဲ့ပတ်သက်ပြီး ဧပြီ ၁ ရက်ကတည်းက ကျေးရွာတွေကို ပိတ်ပြီး သူစိမ်းတွေ ဝင်ထွက်သွားလာမှုကို ကန့်သတ်စောင့်ကြည့်ထားသလို ကျေးရွာတွင်း ဧည့်သည်တွေကိုလည်း ညအိပ်နားခွင့်ပိတ်ထားပါတယ်။ မြန်မာနိုင်ငံမှာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ  ၂၂ ဦးရှိပြီး ၃ ဦးသေဆုံးကာ ကမ္ဘာတဝန်းမှာတော့ ဒီနေ့မနက်ပိုင်းအထိ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူပေါင်း ၁ သန်းကျော်နဲ့ သေဆုံးသူ ၈သောင်းကျော်ရှိပြီလို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024