Home
မြန်မာသတင်း
ဆရာတော် အရှင်ဆေကိန္ဒက COVID-19  ကာကွယ်ရေးအတွက်ကျပ်သိန်း ၁၀၀ လှူဒါန်း
DVB
·
April 7, 2020
92250727_2689020577886365_5600657243977547776_n
91965593_2689020704553019_2453538619466448896_n
91817075_2689020597886363_6874394280245329920_n
91529740_2689020544553035_7035335900351430656_n
91498676_2689020681219688_5412146095654436864_n
မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်း COVID-19 ရောဂါ ကာကွယ်ရေး လုပ်ငန်းတွေဆောင်ရွက်ဖို့အတွက် ဆရာတော် ဒေါက်တာ အရှင်ဆေကိန္ဒက အလှူငွေ ကျပ်သိန်း ၁၀၀ လှူဒါန်းလိုက်ပါတယ်။ ရေးမြို့နယ်နဲ့ ပတ်ဝန်းကျင်မြို့တွေမှာ ရောဂါကာကွယ်ရေးလုပ်ငန်းတွေမှာ ဆောင်ရွက်နေ ကြတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ သက်ဆိုင်ရာတွေကို ကူညီထောက်ပံ့ဖို့အတွက် ရေးမြို့နယ် အတွင်း လူမှုရေး၊ သာသနာရေးလုပ်ငန်းတွေမှာ ကူညီဆောင်ရွက်ပေးနေတဲ့ ရေးမြို့နယ်၊ နှစ်ကရင်ဘုန်တော်ကြီးကျောင်းဆရာတော် ဒေါက်တာ အရှင်ပညာစာရကတဆင့် လှူဒါန်းပေးခဲ့တာပါ။ “ဘုန်းဘုန်းလှူတဲ့ ဝတ္ထုငွေတွေကို ရေးမြို့နယ်မှာ ကပ်ရောဂါကာကွယ်ရေးနဲ့ လိုအပ်တဲ့ ကူညီ ထောက်ပံ့မှုတွေလုပ်နေတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ၊ ကူညီမှုလိုအပ်နေတဲ့ အဖွဲ့အစည်းတွေ၊ တက်ကြွစွာဆောင်ရွက်နေကြတဲ့ ဌာနအသီးသီးကို လိုအပ်သလို ခွဲဝေလှူဒါန်းပေးနေပါပြီ”လို့ ဒေါက်တာ အရှင်ပညာစာရက ဒီဗွီဘီကို မိန့်ပါတယ်။ ကနဦးငွေကျပ်သိန်း ၄၀ သုံးစွဲမှုအနေနဲ့ ဧပြီ ၆ ရက်နေ့က ရေးမြို့နယ်အတွင်းက စောင့်ကြည့်ရေးစခန်း ၃၆ ခုရှိ  နေရပ်ပြန် ၈၀၀ ဦးကျော်နဲ့ စခန်းက ကျန်းမာရေးဝန်ထမ်းတွေ၊ အရပ်ဘက်အဖွဲ့တွေအတွက် တစ်ဦးကို ငွေကျပ် ၅၀၀၀ တန်ဖိုးရှိ အသီး၊ စားစရာတွေနဲ့ mask တွေ လှူဒါန်းပေးပြီး၊ အရပ်ဘက်အထောက်အကူအဖွဲ့ကို ၁၀ သိန်းကျပ်နဲ့ ကပ်ရောဂါ ကာကွယ်ရေးနဲ့ ကုသရေးလုပ်ငန်းစဉ်တွေအတွက် လိုအပ်ချက်တွေအလိုက် ထပ်မံဖြည့်တင်း လှူဒါန်းပေးသွားဖို့ရှိနေတယ်လို့ ဒေါက်တာ အရှင်ပညာစာရက ဆက်လက်မိန့်ကြားပါတယ်။ ရေးမြို့မိသားစုပရဟိတအသင်း တာဝန်ရှိသူတဦးက “ဘုန်းဘုန်း အရှင်ဆေကိန္ဒကိုယ်တိုင် ကျနော်တို့မြို့နယ်ရဲ့ ခုလိုလှူဒါန်းပေးတဲ့အတွက် ပရဟိတလုပ်နေရတဲ့ ကျနော်တို့အားလုံးအတွက် ခွန်အားဖြစ်စေပါတယ်။ အဲဒီအတွက်လည်း စခန်းတွေအရောက် ပင်ပန်းတာကို အဓိကမထားဘဲ ကျနော်တို့အားလုံး ကိုယ်တိုင်သွားရောက်လှူဒါန်းပေးခဲ့ကြပါတယ်" လို့ ဒီဗွီဘီကို ပြောပါတယ်။ ရေးမြို့နယ်အတွင်း စောင့်ကြည့်စခန်း ၃၆ ခုမှာပြည်ပပြန် ၈၀၀ ဦးကျော် နေထိုင်နေကာ ဧပြီ ၆ ရက်က ၁၄ ရက်ပြည့်ပြီးသူ ၁၀၀ ကျော်ကို ကျန်းမာစွာ နေရပ်အသီးသီးသို့ ပြန်လည်ပို့ဆောင်ပေးခဲ့တယ်လို့ ရေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက သိရပါတယ်။ သတင်း- ဝင်းနိုင်သက်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024