Home
မြန်မာသတင်း
ပုံပါကျင်မြို့တွင် ကျပ်သိန်း ၁၂၀၀ ခန့်တန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းမိ
DVB
·
April 3, 2020
drug
ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းတုံမြို့နယ် ပုံပါကျင်မြို့မှာ ကျပ်သိန်း ၁၂၀၀ လောက် တန်ဖိုးရှိတဲ့ အိုက်စ်လို့ ယူဆရတဲ့ မူးယစ်ဆေးတွေကို တပ်မတော်က ဖမ်းဆီးရမိခဲ့ပါတယ်။  ပုံပါကျင်မြို့အရှေ့ဘက် သုံးမိုင်ခန့်အကွာ တောထဲမှာ ဧပြီ ၂ ရက် မနက်ပိုင်းက အမှတ် (၁၃၃) ခြေလျင်တပ်ရင်း တပ်စုတစုက ကင်းပုန်းဝပ်နေတဲ့အချိန်မှာ  ဖြတ်သန်းသွားတဲ့ အဖွဲ့တဖွဲ့ကို စစ်ဆေးဖို့ ရပ်ခိုင်းရာမှ ထွက်ပြေးခဲ့တယ်လို့ ဆိုပါတယ်။ အဆိုပါတပ်စုက နယ်မြေလိုက်လံရှင်းလင်းရာမှာ တရုတ်နိုင်ငံထုတ် စာတန်းပါ အဝါရောင် လက်ဖက်ခြောက်အိတ်ထုတ်တွေနဲ့ထုပ်ပိုးထားတဲ့ ကျပ်သိန်း ၁၂၀၀ ခန့် တန်ဖိုးရှိ ICE လို့ ယူဆရတဲ့ မူးယစ်ဆေးတွေ ပိုင်ရှင်မဲ့ သိမ်းဆည်းရမိခဲ့ပါတယ်။  မူးယစ်ဆေးဝါးတွေကို မူးယစ်တပ်ဖွဲ့စုကို အပ်နှံခဲ့ပြီး ပုံပါကျင် မြို့မရဲစခန်းက မူးယစ်ဆေးဝါးနဲ့ စိတ်ကို ပြောင်းလဲစေတတ်တဲ့ ဥပဒေတွေနဲ့ အမှုဖွင့် စုံစမ်းစစ်ဆေးနေပါတယ်။ သတင်း-အောင်ဇေယျ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024