ရွှေ့ပြောင်းလုပ်သားများကိုသွားကြိုသည့် ဝန်ကြီး နေအိမ်တွင် ကန့်သတ်စောင့်ကြည့်ခံနေ
DVB
·
March 27, 2020
ထိုင်းနိုင်ငံကနေ မွန်ပြည်နယ်ကိုပြန်လာတဲ့ ရွှေ့ပြောင်းအလုပ်သမား ၁၀၀၀ ကျော်ကို သွားရောက် ကြိုဆိုခဲ့တဲ့ မွန်ပြည်နယ် ကရင်တိုင်းရင်းသားရေးရာဝန်ကြီးဟာ Home Quarantine နေအိမ်မှာ အသွားအလာကန့်သတ်စောင့်ကြည့်ခံယူနေရပါတယ်။
ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောအောင်မြင့်ခိုင်ဟာ မတ်လ ၂၄ ရက်နဲ့ ၂၅ ရက်တွေမှာ ကရင်ပြည်နယ် မြဝတီနယ်စပ်ဂိတ်ကနေ ရွှေ့ပြောင်း အလုပ်သမားတွေကို နေရပ် ပြန်လည်ပို့ဆောင်ပြီးနောက် အခုလို ထားရှိတာဖြစ်ပါတယ်။
နေရပ်ပြန်ရွှေ့ပြောင်းအလုပ်သမားတွေထဲမှာ ကိုရိုနာဗိုင်းရပ်စ် COVID- 19 ရောဂါ စောင့်ကြည့်လူနာတစ်ဦး ပါဝင်လာတဲ့အတွက်ကြောင့် စိတ်ချရအောင် Home Quarantine ခံယူခဲ့တာ ဖြစ်တယ်လို့ ဦးစောအောင်မြင့်ခိုင်က ဒီဗွီဘီကို အတည်ပြုပြောပါတယ်။
အခုအခါ ရွှေ့ပြောင်းအလုပ်သမားတွေကို သွားရောက်ကြိုဆိုခဲ့တဲ့ မွန်ပြည်နယ် ကရင်းတိုင်းရင်းသား ရေးရာဝန်ကြီး အပါအဝင် အဖွဲ့ဝင် ၈ ဦးကိုလည်း နေအိမ်မှာ Home Quarantine ခံယူဖို့ ဆရာဝန်က ညွှန်ကြားထားပါတယ်။