Home
မြန်မာသတင်း
မလှိုင်မြို့နယ်တွင် တရုတ်ပြည်က ပြန်လာသူအား ကျန်းမာရေးစစ်ဆေးရာက ဓားခုတ်မှုဖြစ်
DVB
·
March 27, 2020
Mha Hlaing Hnaw Gan Police Station
မန္တလေးတိုင်း၊ မလှိုင်မြို့နယ်၊ သက္ကယ်ကျင်းရွာမှာ တရုတ်နိုင်ငံက အလုပ်လုပ်ပြီး ပြန်လာသူ တဦးကို မတ်လ ၂၆ ရက်က ကိုရိုနာဗိုင်းရပ်စ်ရောဂါ ရှိ၊ မရှိ ကျန်းမာရေးစစ်ဆေးရာမှာ ဓားခုတ်မှု ဖြစ်ပွားခဲ့ပြီး လူတဦး ဒဏ်ရာရသွားတယ်လို့ နှောကန်နယ်မြေရဲစခန်းက ပြောပါတယ်။ နှောကန်နယ်မြေရဲစခန်မှူး ရဲအုပ်အေးမင်းက "ကျေးရွာအုပ်ချုပ်ရေးမှူးရဲ့ ဆွေမျိုးတဦး ဓားခုတ်ခံရပါတယ်။ အထင်လွဲပြီး ပြောဆိုနေကြတာကို ဝင်ဖျန်ဖြေရာက ဓားခုတ်ခံရတာပါ။ မစိုးရိမ်ရပါဘူး။ ဓားနဲ့ခုတ်သူတွေကို အမှုဖွင့်အရေးယူထားပါတယ်" လို့ ပြောပါတယ်။ မတ်လ ၂၀ရက်က တရုတ်နိုင်ငံမှာ အလုပ်သွားလုပ်တဲ့ သက္ကယ်ကျင်းရွာက ကိုနိုင်လင်း(၃၁နှစ်)ဟာ ရွာပြန်ရောက်တော့ ကျန်းမာရေးဆရာမက ကိုဗစ်ရောဂါရှိ-မရှိ ကိုနိုင်လင်းကို စစ်ဆေးခဲ့ပါတယ်။ ရွာကိုပြန်လာရာ လမ်းတလျှောက်လည်း အစစ်ဆေးခံခဲ့ရပြီး  ဒီရွာမှာ ထပ်စစ်ဆေးတာကို မကျေနပ်တာကြောင့် ကိုနိုင်လင်းက ရွာအုပ်ချုပ်ရေးမှူးကို ဆဲဆိုကြိမ်းမောင်းခဲ့ပါတယ်။  ရွာအုပ်ချုပ်ရေးမှူးရဲ့ဆွေမျိုး ဦးဝင်းမောင်(၆၄နှစ်)အပါအဝင် ရွာသား ၇ ဦးက ကျန်းမာရေးဆေးစစ်ရတာနဲ့ ပတ်သက်လို့ ကိုနိုင်လင်းကို ရှင်းလင်းပြောပြပေမယ့်လက်မခံဘဲ ကိုနိုင်လင်းနဲ့ ကိုဇော်ဦးတို့ နှစ်ဦးက လာရောက်ရှင်းပြသူတွေကို ဆဲဆိုရန်လုပ်ရာက ဓားခုတ်မှုဖြစ်ပြီး ဦးဝင်းမောင် ဓားခုတ်ခံခဲ့ရတာလို့ ရဲစခန်းက သိရပါတယ်။ ဒေသခံဦးမောင်မောင်က"တရုတ်က ပြန်လာတဲ့သူ ကိုနိုင်လင်း တွေးထင်တာက သူ့ကို လူတွေ ရှောင်နေအောင် လုပ်နေတယ်လို့ အုပ်ချုပ်ရေးမှူးနဲ့ အဖွဲ့ကို အထင်လွဲတာပါ။ ပြည်တော်ပြန်တွေ အဲလိုမတွေးစေချင်ဘူး။ ကျန်းမာရေး စောင့်ရှောက်မှု ခံယူတာဟာ ကိုယ့်မိသားစု ကိုယ့်ပတ်ဝန်းကျင်ကို ကောင်းကျိုးပြုနေတာလို့ တွေးပေးစေချင်တယ်" လို့ ပြောပါတယ်။ မလှိုင်မြို့နယ် နှောကန်နယ်မြေရဲစခန်းမှာ ကိုနိုင်လင်းနဲ့ ကိုဇော်ဦးတို့နှစ်ဦးကို အလုပ်ဝတ္တရား နှောင့်ယှက်မှု၊ ပြတ်ရှသောလက်နက်ဖြင့် သာမန်ဒဏ်ရာရစေမှု၊ ဆဲဆိုမှု၊ ခြိမ်းခြောက်မှု ရာဇသတ်ကြီးပုဒ်မ ၃၅၃/၃၂၄/၂၉၄/၅၀၆ တို့ နဲ့ အမှုဖွင့် အရေးယူထားပါတယ်။ မောင်မောင်လင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024