မန္တလေးတွင် ဘီယာဆိုင်အပါအဝင် စားသောက်ဆိုင်များ ပါဆယ်စနစ်ဖြင့် စတင်ရောင်းချ
Aung Aung Naing
·
March 26, 2020
မန္တလေးမြို့မှာ COVID-19 ကိုရိုနာဗိုင်းရပ်စ် ရောဂါ ကူးစက်ပြန့်ပွားမှုထိမ်းချုပ်နိုင်ဖို့အတွက် လက်ဖက်ရည်ဆိုင်တွေ၊ စားသောက်ဆိုင်တွေနဲ့ ဘီယာအရောင်းဆိုင်တွေပါမကျန် ပါဆယ်စနစ်နဲ့ ဖောက်သည်တွေကို စတင်ရောင်းချပေးနေပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ရောဂါမကူးစက်စေဖို့ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ စားသောက်ဆိုင်တွေ အားလုံးမှာ လူစုလူဝေးမဖြစ်စေဖို့အတွက် ပါဆယ်စနစ်နဲ့ ရောင်းချပုံ ပြောင်းပြီး ရောင်းချဖို့ မန္တလေးတိုင်းအစိုးရအဖွဲ့က ကြေညာလိုက်ပြီးနောက် ဆိုင်တွေမှာပါဆယ်စနစ်နဲ့ စတင်ရောင်းချနေတာပါ။
မတ်လ ၂၄ ရက်နေ့က မန္တလေးတိုင်းအစိုးရအဖွဲ့တာဝန်ရှိသူတွေ စားသောက်ဆိုင် လုပ်ငန်းရှင်တွေ၊ ဆန်ကုန်သည်ကြီးများအသင်းကတာဝန်ရှိသူတွေ၊ တိုင်းပြည်သူ့ကျန်းမာရေးဌာန အရာရှိတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ မန္တလေးတိုင်းရဲတပ်ဖွဲ့က တာဝန်ရှိသူတွေ၊ နယ်လုံဝန်ကြီးနဲ့ ခရိုင်အုပ်ချုပ်ရေးမှူးတွေ တွေ့ဆုံပြီး ကြေညာချက်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။