Home
မြန်မာသတင်း
ရှမ်းပြည်နယ်တွင် ပြည်သူလူထုစားနပ်ရိက္ခာ ထောက်ပံ့ရေး ကော်မတီဖွဲ့စည်း
DVB
·
March 25, 2020
90266775_1116512618688839_4709715885294616576_n
COVID- 19 ကြောင့် နိုင်ငံတွင်း စားနပ်ရိက္ခာတွေ ဝယ်ယူနေကြတာကို ထောက်ပံ့ပေးနိုင်ဖို့ ရှမ်းပြည်နယ်အတွင်းအရေးပေါ် ပြည်သူလူထုစားနပ်ရိက္ခာ ထောက်ပံ့နိုင်ရေးကော်မတီကို မတ်လ ၂၃ ညနေပိုင်းက ဖွဲ့စည်းလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ COVID- 19 ရောဂါပိုးတွေ့ရှိတဲ့လူနာ ၃ ဦးရှိနေပြီး ပြည်သူတွေ စားနပ်ရိက္ခာပြတ်လပ်မှာ စိုးရိမ်နေကြတာကြောင့် အခုလို ဖွဲ့စည်းလိုက်တာလို့ ကော်မတီ အတွင်းရေးမှူး ကိုသူရစောသိန်း(ခ)ကိုတူးငယ်က ပြောပါတယ်။ “အဓိက နိုင်ငံအားလုံးဖြစ်နေကြပြီပေါ့နော် တအားကြီးစိုးရိမ်မှုမလိုဘူး။ အဲ့ဒါ အရေးကြီးဆုံးပဲ။ အထိတ်တလန့် မဖြစ်ဖို့လိုတယ်။ ဒီရောဂါကို ခေါင်းအေးအေးနဲ့ ရင်ဆိုင်နိုင်သက်သာမယ်။ ကျနော် တို့က စိုးရိမ်ပူပန်မှုနဲ့ ရင်ဆိုင်ရင် ဒုက္ခပိုများတယ်။ ကျနော်တို့နိုင်ငံမှာ စားနပ်ရိက္ခာ အလုံအလောက် ရှိနေပါတယ်” လို့ ပြောပါတယ်။ COVID-19 အတွက် ပြည်သူလူထုရိက္ခာထောက်ပံ့ရေးရုံးကို တောင်ကြီးမြို့ စူဠာမုနိဘုရားရင်ပြင်မှာထားရှိပြီး လက်ရှိအလှူငွေ ကျပ် သိန်း ၅၀၀ ကျော်ရရှိထားကာ ပစ္စည်း ထုပ်တွေလည်း ဝယ်ယူပြင်ဆင်နေပြီဖြစ်ပါတယ်။ “COVID-19 ပြင်းထန်လာရင် စားနပ်ရိက္ခာ ခက်ခဲသွားတဲ့နေရာကို ကြိုတင် ပြင်ဆင်ပြီးလုပ်နေတယ်။ ဖြန့်ဝေတဲ့နေရာက အစိုးရညွှန်ကြားချက်နဲ့ လုပ်ဆောင်သွားမယ်။ လက်လုပ်လက်စားများတဲ့နေရာတွေ အခြေခံလူတန်းစားများတဲ့ ရပ်ကွက်ကို ဦးတည်မယ်”လို့ ကိုတူးငယ်က ပြောပါတယ်။ လူထုကို ထောက်ပံ့ပေးမယ့် စားနပ်ရိက္ခာပစ္စည်း အမျိုးအစားတွေထဲမှာ ဆန်၊ ဆီ၊ ကုလားပဲနဲ့ ကော်ဖီထုပ်တွေပါဝင်တယ်လို့ သိရပါတယ်။ သတင်း-ခွန်ရာဇာ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024