Home
မြန်မာသတင်း
ကသာမြို့နယ်တွင် အသက် ၇ နှစ်အရွယ် မိန်းကလေးငယ် မုဒိမ်းကျင့်၊ မီးရှို့သတ်ဖြတ်ခံရ
Aung Ko Latt
·
March 24, 2020
90082721_1277847265753599_2072926632103903232_n
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ မိုးတားလေးကျေးရွာမှာ အသက် ၇ နှစ်အရွယ် မိန်းကလေးငယ်တဦး အဓမ္မကျင့် အသတ်ခံခဲ့ရတဲ့အမှု မတ်လ ၂၃ ရက်က ဖြစ်ပွားခဲ့တယ်လို့ နယ်မြေ ရဲစခန်းက သိရပါတယ်။ သေဆုံးသူက အသက် ၇ နှစ်အရွယ် မိန်းကလေးငယ်ဖြစ်ပြီး  မိဘတွေအလုပ်သွားနေစဉ်မှာ ပြုကျင့်သတ်ဖြတ်ခံခဲ့ရပြီး အလောင်းဖျောက်ဖျက်ခံခဲ့တာဖြစ်ပြီး တရားခံကိုလည်း ရဲတပ်ဖွဲ့က ဖမ်းဆီးအရေးယူထားပါတယ်။ ရဲတပ်ဖွဲ့ရဲ့ သတင်းတွေအရ သေဆုံးသူ မိန်းကလေးငယ်ရဲ့ ဖခင်ဖြစ်သူဟာ အုတ်ဖိုမှာ အလုပ်လုပ်နေတာဖြစ်ပြီး အုတ်သွားပို့စဉ် အပြန်မှာ ဇနီးဖြစ်သူက သမီးပျောက်နေကြောင်း ပြောကြားရာကနေ ရွာအနီးပတ်လည်ကို သွားရောက်ရှာဖွေခဲ့ကြပြီး မတွေ့လို့ ရဲကင်းစခန်းကို လူပျောက်တိုင်တန်းခဲ့တာပါ။  အုတ်ဖိုအနီးတဝိုက်ကို ထပ်မံရှာဖွေရာမှာ အုတ်ဖိုနဲ့ တိုက်ကုန်းရွာသွားလမ်း ညာဘက်ခြုံတောအတွင်းမှာ မီးလောင်ဒဏ်ရာတွေနဲ့ သေဆုံးအလောင်းကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။ အလောင်းပတ်ဝန်းကျင်မှာတွေ့ရတဲ့ ဖိနပ်၊ ဆံဖိတွေကို စစ်ဆေးရာမှာလည်း သမီးဖြစ်တယ်ဆိုတာကို မိဘတွေက အတည်ပြုခဲ့ပါတယ်။  ဒီအမှုနဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့က သက်သေတွေနဲ့ စုံစမ်းစစ်ဆေးရာမှာ အုတ်ဖိုမှာ အလုပ်လုပ်နေသူ မင်းမင်းဦး (၂၅ နှစ်)ဟာ သေဆုံးသူမိန်းကလေးငယ်နဲ့အတူ ဧရာဝတီမြစ်ကမ်းဘေး မှာ တွေ့ရတယ်ဆိုတဲ့အတွက် ခေါ်ယူစစ်ဆေးခဲ့ပါတယ်။  မင်းမင်းဦးရဲ့ ထွက်ဆိုချက်တွေအရ မိန်းကလေးငယ်ရဲ့ မအင်္ဂါကို လက်နဲ့ ထိုးသွင်းတာတွေ ပြုလုပ်ခဲ့ပြီး ဆက်မလုပ်ဖို့ပြောရာက မလုပ်တော့ဘဲ နောက်တစ်နေရာသွားပြီး ပေါင်ပေါ်ထိုင်ခိုင်းတာ နမ်းတာတွေပါ ပြုလုပ်တာကြောင့်ကလေးက ရုန်းကန်တဲ့အတွက် လည်ပင်းကို သိုင်းဖက်ချုပ်ထားရာကနေ အသက်ရှုကြပ်ပြီး သေဆုံးသွားလို့ အနီးအနားက အမှိုက်တွေနဲ့ မီးရှို့ခဲ့တာလို့ ထွက်ဆိုထားပါတယ်။  ဒီကိစ္စနဲ့ပတ်သက်ပြီး မင်းမင်းဦးကို ကသာမြို့မရဲစခန်းကနေ (ပ)၇၆/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၄၃၆ အရ အမှုဖွင့် အရေးယူထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024