Home
မြန်မာသတင်း
ထိုင်းနိုင်ငံ တာ့ခ်ခရိုင်ဘတ်စ်ကားဂိတ်တွင် နေရပ်ပြန် မြန်မာအလုပ်သမား ထောင်ချီစောင့်ဆိုင်း
DVB
·
March 23, 2020
800_ed3e49c643160b7
       ထိုင်း-မြန်မာနယ်စပ် မဲဆောက်ခရိုင်နဲ့ ကပ်လျက် တာ့ခ်ခရိုင်ထဲက ဘတ်စ်ကားဂိတ်မှာ ဒီကနေ့မနက်ပိုင်းက နေရပ်ပြန်ကြမယ့် မြန်မာအလုပ်သမား ၁၀၀၀ ကျော်လောက် စုရုံးရောက်ရှိနေကြတယ်လို့ သည်နေးရှင်းသတင်းမှာ ဖော်ပြပါတယ်။        ဒါဟာ တာ့ခ်မြို့တော်ဝန်က နယ်စပ်စစ်ဆေးရေးဂိတ်တွေကို ဒီကနေ့ကစ ပိတ်မယ်လို့ ကြညောချက်ထုတ်ပြန်အပြီးမှာ ခုလိုရောက်လာခဲ့ကြတာလို့ ဆိုပါတယ်။        သူတို့ဟာ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှတဆင့် မြန်မာနိုင်ငံဘက်ခြမ်း မြဝတီမြို့ဆီ ခရီးဆက် နေရပ်ပြန်ကြမယ့်သူတွေ ဖြစ်ပါတယ်။        နယ်စပ်ဂိတ်တာဝန်ကျ အရာရှိတဦးကတော့ ဒီကနေ့ ဂိတ်တွေပိတ်မယ်ဆိုတာနဲ့ ပတ်သက်ပြီးတော့ ငြင်းဆိုထားပါတယ်။        ဒါပေမဲ့ မြန်မာအလုပ်သမားတွေကတော့ တဖွဲဖွဲရောက်လာနေကြပြီး တချို့ကတော့ ဂိတ်ပိတ်မယ့်သတင်းကြောင့်မဟုတ်ဘဲ ကားလက်မှတ်တွေ ကြိုတင်စီစဉ်ဝယ်ယူထားပြီးမို့လို့ ပြောပါတယ်။        တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးရုံးမှ စာရင်းတွေအရ မြန်မာအလုပ်သမား ၃၂၀၀ လောက်ဟာ မတ်လ ၂၂ ရက်နေ့က နေရပ်ပြန်ခဲ့ကြပြီဖြစ်ပြီး အခုမနက်မှာတော့ လူဦးရေ ၁၀၀၀ ကျော်လောက် နယ်စပ်စစ်ဆေးရေးဂိတ်ဆီ ရောက်ရှိလာခဲ့တာလို့ ဆိုပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024