စစ်တွေမြို့ကို စစ်ဘေးရှောင် အများအပြား ခိုလှုံလာနေ
ဝဏ္ဏခွာညို
·
March 23, 2020
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ တပ်မတော်နဲ့ အေအေတပ်ဖွဲ့တို့ တိုက်ပွဲတွေ တဖြည်းဖြည်းနဲ့ ပိုမိုပြင်းထန်လာတာကြောင့် စစ်တွေမြို့ပေါ်ကို အခုရက်ပိုင်းအတွင်း စစ်ဘေးရှောင်တွေ အများအပြား ခိုလှုံလာနေကြပါတယ်။
လက်ရှိမှာတော့ စစ်တွေမြို့ကို ရသေ့တောင်မြို့နယ်၊ ကျောက်တော်မြို့နယ်၊ မြောက်ဦးမြို့နယ်၊ ဘူးသီးတောင်မြို့နယ်နဲ့ မြေပုံမြို့နယ် အမ်းမြို့နယ်တွေက စစ်ဘေးရှောင်တွေ ၃၀၀၀ ကျော်လောက် စစ်တွေမြို့ပေါ်က ဘုန်းတော်ကြီးကျောင်းတွေ အသီးသီးခိုလှုံနေကြတာလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက ရသေ့တောင်မြို့နယ် ရေကြောင်းချောင်းနဲ့ ရေစိုးချောင်း ကျေးရွာသားတွေဟာ စစ်တွေမြို့ကို ထွက်ပြေးလာကြပြီး အမျိုးသားကျောင်းတိုက်မှာ လူဦးရေ ၇၀ လောက်ခိုလှုံနေကြပါတယ်။
ထွက်ပြေးလာကြတဲ့ အများအပြားက ကျေးရွာတွေကတော့ အပြင်ထွက်လို့ အလုပ်မလုပ်ရဲတော့ဘဲ စားဝတ်နေရေး ကျပ်တည်းလာတာတွေနဲ့ အသက်အန္တရာယ် ပိုမိုစိုးရိမ်လာတာကြောင့် ကျေးရွာတွေမှာ မနေရဲကြတော့တော့ဘဲ ထွက်ပြေးလာတာလို့ ဆိုပါတယ်။
တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်အေအေတို့ တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်ဦးရေ ၁၅၆၀၀၀ ကျော်ရှိလာနေပြီး တချို့ စစ်ဘေးရှောင်စခန်းတချို့တွေမှာ စားနပ်ရိက္ခာတွေ ပြတ်တောက်နေတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတာတွေရှိတယ်လို့ ရခိုင်တိုင်းရင်းသား မျိုးနွယ်စုများ အစည်းအရုံး (REC) အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းက ပြောပါတယ်။
ဒါ့အပြင် စစ်ဘေးရှာင်ဒုက္ခသည် များပြားနေသလို လာမယ့်နွေရာသီ ရေရှားပါးမယ့် အခြေအနေတွေကို ဘယ်အဖွဲ့အစည်းတွေကမှ ကြိုတင်ပြင်ဆင်တာတွမရှိတဲ့အတွက် အများအကြီး အခက်ကြုံရနိုင်တယ်လို့ ဦးဇော်ဇော်ထွန်းက ပြောပါတယ်။