Home
မြန်မာသတင်း
မောင်းမကန်‌တွင် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေး အသိပညာပေးစာစောင်များ ဖြန့်ဝေ (ဓာတ်ပုံ)
DVB
·
March 22, 2020
90298361_1094002117605613_1718485903405481984_n
90198183_144644770208554_8720486247585284096_n
give phamphalet for Corona at MaungMaKan 2
give phamphalet for Corona at MaungMaKan 1
တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် မောင်းမကန်‌မှာ ကိုရိုနာဗိုင်းရပ်ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေး လက်ကမ်းစာစောင်တွေ ဖြန့်ဝေခဲ့ပါတယ်။ မောင်းမကန်ကျေးရွာ အုပ်ချုပ်ရေးမှူး၊ ကျေးလက်ကျန်းမာရေး တိုက်နယ်ဆေးရုံ၊ မေတ္တာလှိုင်း လူမှုကူညီရေးအသင်းနဲ့ ဒေသခံတွေက မတ် ၂၁ နဲ့ ၂၂ ရက်နေ့တွေမှာ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေး လက်ကမ်းစာစောင်တွေ ဖြန့်ဝေခဲ့ကြတာပါ။ ဒေသတွင်းမှာ အခြားနိုင်ငံတွေက ပြန်လာသူတွေကို စောင့်ကြည့်ဖို့၊ ချောင်းဆိုး၊ နှာစေး၊ ဖျားနေတယ်ဆိုရင် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ကို အကြောင်းကြားဖို့နဲ့ သက်ဆိုင်ရာ အနီးစပ်ဆုံး ကျန်းမာရေးဌာန၊ ကုသရေးဌာနတွေနဲ့ ဆက်သွယ်ပို့ဆောင်ဖို့ စတာတွေကို တာဝန်ရှိသူတွေက ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ ဓာတ်ပုံ - အောင်သူ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024