ဓာတ်ခွဲသင်တန်းသား ၂၀ ဆေးရုံနှင့် ဓာတ်ခွဲခန်းများတွင် စေတနာ့ဝန်ထမ်းလုပ်မည်
DVB
·
March 21, 2020
အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနက ဖွင့်တဲ့ ဓာတ်ခွဲစစ်ဆေးသူ (ပထမတန်း) သင်တန်းတက်ရောက်နေသူ အယောက် ၂၀ ဟာ ဆေးရုံနဲ့ ဓာတ်ခွဲခန်းတွေမှာ စေတနာ့ဝန်ထမ်းလုပ်ဖို့ ဆန္ဒပြုလိုက်ပါတယ်။
သူတို့ဟာ လက်ရှိ ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါကြောင့် သင်တန်းခဏရပ်နားတဲ့ အချိန်မှာ အခုလို လုပ်ဖို့ ဆန္ဒပြုခဲ့ကြတာပါ။
မနေ့က အဲဒီသင်တန်းကို ဌာနရဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ်(ဓာတ်ခွဲ)နဲ့တာဝန်ရှိသူတွေ လာရောက်ခဲ့ပြီး လက်ရှိ ရောဂါဖြစ်ပွားတဲ့အခြေအနေတွေ၊ ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေ၊ သင်တန်းခဏ ရပ်နားရတဲ့အကြောင်းရင်းတွေ၊ လက်ရှိ ဆေးရုံတွေမှာ ဓာတ်ခွဲဝန်ထမ်တွေ လစ်လပ်နေတဲ့ အခြေအနေတွေကို ရှင်းပြပြီး သင်တန်းရပ်နားတုန်း စောင့်ကြည့်လူနာတွေ ထားတဲ့ ဆေးရုံတွေမှာ စေတနာ့ဝန်ထမ်းလုပ်နိုင်တယ်လို့ ဖိတ်ခေါ်ခဲ့ပါတယ်။
ဒါကြောင့် သင်တန်းရပ်နားထားမယ့် မတ် ၂၃ ရက်ကနေ ဧပြီ ၃၀ ရက်အတွင်း ဝေဘာဂီ အထူးကုဆေးရုံကြီးမှာ ၁၀ ယောက်၊ မန္တလေး ကန်တော်နဒီဆေးရုံမှာ ၄ ယောက်နဲ့ အမျိုးသား ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနမှာ ၅ ယောက် တာဝန်ထမ်းဆောင်ဖို့ ဆန္ဒပြုခဲ့ကြပါတယ်။