Homeမြန်မာသတင်း
ဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စ စိတ်မပူရန် ပြည်သူလူထုကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ပြောကြား
ဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စ စိတ်မပူရန် ပြည်သူလူထုကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ပြောကြား
DVB
·
March 12, 2020
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကိစ္စနဲ့ ပတ်သက်ပြီး ထူးထူးထွေထွေ စိတ်မပူကြဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြည်သူလူထုကို ပြောကြားလိုက်ပါတယ်။
မတ်လ ၁၁ ရက်က စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့ လူထုတွေ့ဆုံပွဲမှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့တာဖြစ်ပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဘယ်လို အခြေအနေမျိုးမှာ ပြင်ဆင်ခွင့်ရမှာလဲလို့ မြို့နယ်စာရင်းစစ် အရာရှိ(အငြိမ်းစား)တဦးရဲ့မေးမြန်ချက်ကို အတိုင်ပင်ခံပုဂ္ဂိုလ်က ပြန်လည်ဖြေကြားခဲ့တာ ဖြစ်ပါတယ်။
“ဘယ်လိုအခြေအနေမှာ ပြင်ဆင်ခွင့်ရမလဲဆိုတော့ ရှင်းရှင်းလေးပါ၊ ကန့်ကွက်ပိုင်ခွင့်ရှိတဲ့ သူတွေက မကန့်ကွက်တဲ့အခါ ချက်ချင်းရမှာဘဲ။ နိုင်ငံတနိုင်ငံမှာ ဘယ်လို အပြောင်းအလဲ လုပ်ချင်လုပ်ချင် အဓိက က ပြည်သူလူထုဘဲနော်၊ ပြည်သူလူထုက ဆန္ဒရှိတယ်၊ ခိုင်မာတယ်ဆိုရင် ဖြစ်မြောက်မှာဘဲ။ ကျမတို့ရဲ့အောင်မြင်ခြင်းတရား လေးပါးထဲက ဆန္ဒ၊ ဝီရိယ၊ စိတ္တ၊ ပညာ ပြည်သူလူထုက ကိစ္စတခု ဖြစ်စေချင်တယ်ဆိုရင်၊ အဲဒီတခု ဖြစ်မြောက်ရေးအတွက် ဆန္ဒ၊ ဝီရိယ၊ စိတ္တ၊ ပညာနဲ့ လုပ်သွားမယ်ဆိုရင် ကျမတို့အောင်မြင်မှာပါ။ ဒါကသိပ်ပြီး ထူးထူးထွေထွေ စိတ်မပူပါနဲ့၊ ဒါပေမဲ့ ကြိုးတော့ကြိုးစားရမယ်” လို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့တာဖြစ်ပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံပါ ဒီမိုကရေစီ စံချိန်စံညွှန်းနဲ့မကိုက်ညီတဲ့ ဥပဒေ ပုဒ်မ တွေကို ပြင်ဆင်ဖို့ အန်အယ်လ်ဒီပါတီက ကြိုးပမ်းနေတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ မေလ ၁၀ ရက်နဲ့ ၁၁ ရက် ပြည်ထောင်စုလွှတ်တော်မှာ ၂ ရက်တာ မဲခွဲဆုံးဖြတ်ပြီးချိန်မှာ ပုဒ်မ ၄၃၆ (က)နဲ့ အကျုံးဝင်တဲ့ အဓိက ပုဒ်မတွေဟာ ထောက်ခံမဲ ၇၅ ရာခိုင်နှုန်း မကျော်လို့ ပြင်ဆင်နိုင်ခြင်းမရှိသေးတဲ့ အခြေအနေမှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောဆိုခဲ့တာပါ ။
သတင်း- အောင်စံလင်း