Home
မြန်မာသတင်း
စလင်းမြို့နယ်ထဲက အင်္ဂလိပ်စစ်သင်္ချိုင်းကို လာရောက်လေ့လာသူများပြား
DVB
·
March 6, 2020
88101832_2270366726598109_3880982223041593344_n
88127231_2270366759931439_6388829011748847616_n
88166344_2270366683264780_2947515014476464128_n
88064078_2270366653264783_2454266393084821504_n
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်ထဲက အင်္ဂလိပ်စစ်သင်္ချိုင်းကို နိုင်ငံခြားခရီးသွားတွေနဲ့ ပြည်တွင်းက လာရောက်လေ့လာသူတွေ များပြားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စလင်းမြို့ခံ တဦးဖြစ်တဲ့ ဦးလှဝင်းက"ခုလိုနွေရာသီမှာ စလင်းမြို့ရဲ့ အထင်ကရနေရာတခု ဖြစ်တဲ့ ဝက်သည်းကန်နဲ့ အင်္ဂလိပ်စစ်သင်္ချိုင်းကို လာရောက်လေ့လာသူတွေ များပြားနေတာပါ။ မြန်မာ့တော်လှန်ရေးသမိုင်းမှာ အပြင်းထန်ဆုံးတိုက်ပွဲတခုဖြစ်တဲ့ ၁၈၈၆ ခုနှစ် ဇူလိုင်လ ၂၈ ရက်ကနေ ၃၁ ရက်နေ့အထိ ၄ ရက်ကြာဖြစ်ပွားခဲ့တဲ့ စလင်းမြို့တွင်းတိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ အင်္ဂလိပ် တပ်မှူးကြီး Major R.F.ATKINSON နဲ့ အင်္ဂလိပ်စစ်ဗိုလ်တွေကို မြှုပ်နှံထားတဲ့ စစ်သင်္ချိုင်း ဖြစ်တယ်”လို့ ဒီဗွီဘီကို ပြောပါတယ်။ အင်္ဂလိပ်စစ်သင်္ချိုင်းထဲမှာ ကျောက်ချပ် ၁၈ ချပ် စိုက်ထူထားတာတွေ့ရပြီး အသေချာ ပြုပြင်မွမ်းမံပေးနိုင်ရင် နိုင်ငံခြားခရီးသွားတွေနဲ့ ပြည်တွင်းလေ့လာသူတွေ ဒီထက်မက များပြာလာနိုင်တယ်လို့ လေ့လာသူတဦးဖြစ်တဲ့ ကိုမိုးကျော်က ပြောပါတယ်။ ၁၈၈၆ ခုနှစ်မှာ မကွေးတိုင်းဒေသကြီး စလင်းမြို့နယ်ထဲမှာ ထင်ရှားတဲ့ တော်လှန်ရေးတိုက်ပွဲ ၉ ကြိမ်တိုင်တိုင် ဖြစ်ပွားခဲ့တယ်လို့ သမိုင်းမှတ်တမ်းတွေအရ သိရပါတယ်။ သတင်း-မင်းထီး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024