Home
မြန်မာသတင်း
ထိုင်းနိုင်ငံက လူသတ်မှုဖြင့်အလိုရှိနေသည့် တရုတ်နိုင်ငံသား ၂ ဦးကို ကျိုင်းတုံတွင်ဖမ်းမိ
DVB
·
March 5, 2020
88360907_3309333539082096_3565399802931838976_n
ထိုင်းနိုင်ငံက လူသတ်မှုနဲ့ အလိုရှိနေတဲ့ တရုတ်နိုင်ငံသား ၄ ဦးထဲက နောက်ထပ် ၂ ဦးကို  ရှမ်းပြည်နယ် ကျိုင်းတုံမြို့မှာ မတ်လ ၄ ရက်နေ့က မြန်မာရဲတပ်ဖွဲ့က ဖမ်းဆီးရမိပါတယ်။ ထိုင်းနိုင်ငံက လူသတ်တရားခံပြေး ၂ ဦးဟာ ထိုင်း-မြန်မာနယ်စပ် မြဝတီကနေ ဝင်ရောက်လာဖြစ်ပြီး တာချီလိတ်ကို ထွက်ခွာဖို့ ကျိုင်းတုံစုပေါင်းဂိတ်မှာ သတင်းပို့တဲ့အချိန် စစ်ဆေးဖမ်းဆီးမိခဲ့တာပါ။ လူသတ်တရားခံပြေး တရုတ် ၄ ဦးဟာ ထိုင်းနိုင်ငံ ပထ္တရားမြို့မှာ လူသတ်မှု ကျူးလွန်ခဲ့ပြီး မြန်မာနိုင်ငံထဲ ထွက်ပြေးဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။ ထိုင်းအစိုးရကလည်း လူသတ်တရားခံပြေး ၄ ဦးကို ဖမ်းဆီးပေးနိုင်ဖို့ တရားခံပြေးကြေညာထားသလို  မြန်မာအစိုးရကိုလည်း ဖမ်းဆီးပေးဖို့ အကြောင်းကြားထား ပါတယ်။ လက်ရှိမှာတော့ အဆိုပါ တရားနိုင်ငံသား လူသတ်တရားခံ ၂ ဦးကို ကျိုင်းတုံမြို့မှာ ထိန်းသိမ်းထားပြီး ထိုင်းနိုင်ငံကို ပြန်လည်လွှဲပြောင်းဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ မတ်လ ၂ ရက် ညပိုင်းကလည်း ထိုင်းနိုင်ငံမှာ လူသတ်မှုကျူးလွန်ပြီး ထွက်ပြေးတိမ်းရှောင်လာတဲ့ တရုတ်နိုင်ငံသား ၄ ဦးအနက် ၂ ဦးကို ငွေဆောင်ကမ်းခြေမှာ ငွေဆောင်ကမ်းခြေမှာ ဖမ်းမိခဲ့တယ်လို့ မြို့အုပ်ချုပ်ရေးမှူးက ဒီဗွီဘီကိုပြောပါတယ်။ သတင်း- ကိုဇက်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024