Home
မြန်မာသတင်း
ညောင်ပင်သာမြို့၌  လောင်စာဆီတင်ကား တိမ်းမှောက်၊ လူ ၃ ဦး ဒဏ်ရာရ
DVB
·
March 3, 2020
88163892_2634541876668863_3619273746684051456_o
ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ညောင်ပင်သာမြို့ ရန်ကုန်- မန္တလေးကားလမ်းဟောင်း မိုင်တိုင်အမှတ် ၁၂၀ အနီးမှာ မတ်လ ၂  ညနေက ဆီဘောက်ဆာယာဉ်တစ်စီး တိမ်းမှောက်လို့ အမျိုးသား ၃ ဦးဒဏ်ရာ ရရှိခဲ့တယ်လို့ ညောင်ပင်သာနယ်မြေရဲတပ်ဖွဲ့စခန်းမှ တာဝန်ရှိသူတဦးက ပြောပါတယ်။ ယာဉ်မောင်း ရဲထွဋ်ဇော် (လှိုင်သာယာမြို့နယ်)နေသူ မောင်နှင်လာတဲ့ ISUZUအမျိုးအစား ၂၂ ဘီးတပ် ဆီဘောက်ဆာကားဟာ ဖြူးမြို့ဘက်ကနေ ကညွတ်ကွင်းမြို့ဘက်သို့မောင်းနှင်လာစဉ် အခင်းဖြစ်နေရာအရောက်မှာ လမ်းဖြတ်ကူးတဲ့ ဆိုင်ကယ်ကို ရှောင်တိမ်းရာက အချိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့တာဖြစ်ပါတယ်။ ညောင်ပင်သာနယ်မြေ ရဲတပ်ဖွဲ့စခန်း တာဝန်ရှိသူတဦးက  "ဘောက်ဆာက မြောက်ဘက်ကပဲလာတာ အခုဖြစ်တဲ့နေရာရောက်တော့ လမ်းပေါ်ကို ဖြတ်တက်လာတဲ့ ဆိုင်ကယ်ကိုရှောင်ရင်းဖြစ်သွားတာ။ ကားကလဲအချိန်မထိန်းနိုင်ဘဲ လမ်းဘေးက ညောင်ပင်ကို ပွတ်တိုက်ပြီး လယ်ထွက်သွားပြီးတော့ လမ်းပေါ်မှာပြန်မှောက်တာ ဆီမပါတာ ကံကောင်းတာ ပါရင်မီးလောင်ဖို့များတယ်"လို့ ပြောပါတယ်။ အဆိုပါဖြစ်စဉ်ကြောင့် ဆိုင်ကယ်ယာဉ်မောင်းနဲ့ ဆီဘောက်ဆာကားပေါ် လိုက်ပါလာသူ နှစ်ဦးမှာ ဒဏ်ရာတွေရရှိခဲ့တယ်လို့ သိရပါတယ်။ အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီး ဆိုင်ကယ်ယာဉ်မောင်းမြင့်နိုင်နဲ့ ဆီဘောက်ဆာယာဉ်မောင်း ရဲထွဋ်ဇော်တို့ကို ညောင်ပင်သာနယ်မြေရဲတပ်ဖွဲ့စခန်းက ရာဇသတ်ကြီးပုဒ်မ ၃၃၈ ၊ ၃၃၇၊ ၂၇၉ တို့နဲ့အမှုဖွင့်လှစ် စစ်ဆေးနေပါတယ်။ သတင်း - ကျော်အောင် (ကညွတ်ကွင်း)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024