Home
မြန်မာသတင်း
ဒေါက်တာဇော်မြင့်မောင် တဦးတည်းကို အန်အယ်လ်ဒီပြောခွင့်ရအဖြစ် သတ်မှတ်
နေဖြိုးဝင်း
·
March 2, 2020
Dr Myo Nyunt
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပြောရေးဆိုခွင့်ရှိသူအဖြစ် ဒေါက်တာဇော်မြင့်မောင် တဦးတည်းကို ပြောင်းလဲသတ်မှတ်လိုက်ပါတယ်။  မတ် ၁ ရက်နေ့က နေပြည်တော်ရှိ စည်ပင်ဧည့်ရိပ်သာ ပြုလုပ်ခဲ့တဲ့ ပါတီရဲ့ဗဟိုအလုပ်အမှုဆောင်အစည်းဝေးမှာ အတည်ပြုလိုက်တာလို့ အရင် ပြောခွင့်ရသူ ဒေါက်တာမျိုးညွန့်က ပြောပါတယ်။ “ထူးခြားတာတခုက ဒီနေ့ ကျနော်က ဒေါက်တာဇော်မြင့်မောင်ကိုယ်စား ကြေညာချက် ထုတ်တာ။ ဘာလဲဆိုတော့ ကျနော်တို့အဖွဲ့ချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူအဖြစ် ဒေါက်တာဇော်မြင့်မောင် တယောက်ပဲ လုပ်တော့မယ်။ အဲဒီတော့ ပြောဖို့ဆိုဖို့ဆိုရင် ဒေါက်တာဇော်မြင့်မောင် ပြောပါတော့မယ်။ ဒီနေ့ကတော့ ဆရာ့ကျန်းမာရေးအရ ဒီသတင်းစကားကို ပြောတာပါ” လို့ ဒေါက်တာမျိုးညွန့်က ပြောပါတယ်။ အရင်က  ပါတီရဲ့ ပြောရေးဆိုခွင့်ကို ဒေါက်တာဇော်မြင့်မောင်နဲ့ ဒေါက်တာမျိုးညွန့်ကို သတ်မှတ်ထားတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့လပိုင်းကပြုလုပ်ခဲ့တဲ့ ဦးကိုနီ သေဆုံးတဲ့ နှစ်ပတ်လည်နေ့အခမ်းအနားမှာ ပြောဆိုခဲ့တာတွေကြောင့် အခုလို ပြောရေးဆိုခွင့်ရှိသူကို တဦး သတ်မှတ်တာလားဆိုတာကိုတော့ CEC အဖွဲ့ရဲ့ ဆုံးဖြတ်ချက်အရဖြစ်ပြီး  ဘာကြောင့်ဆိုတာ ပြောလို့မရပါဘူးလို့ ဒေါက်တာမျိုးညွန့်က ပြောဆိုခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဦးကိုနီ ကွယ်လွန်ခြင်း ၃ နှစ်ပြည့် နှစ်ပတ်လည်ပွဲမှာ ဒေါက်တာမျိူးညွန့်ရဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ခြင်းဖြင့် ဦးကိုနီနဲ့ ကိုနေဝင်းတို့ လုပ်ကြံခံရခြင်းကို လက်စားချေမယ်လို့ ပြောဆိုခဲ့တဲ့အပေါ် ဝေဖန်မှုတွေ မြင့်တက်ခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024